Namjoon အမြန်ပြန်ကောက်လိုက်သော်လည်း
ရေဘားအောက်တည့်တည့်ကျသွားသော
ဖုန်းလေးမှာ တဖြတ်ဖြတ်မှောင်လိုက်လင်းလိုက်ဖြစ်အပြီး လုံးဝ ပိတ်ကျသွားရှာတော့သည်။

ဒေါသအိုး Jimin ကဆူပူသောင်းကျန်းသောကြောင့်
Namjoonမှာ ချက်ချင်းသွားပြင်ပေးသော်လည်း
Phone ကလုံးဝပြင်မရတော့ ။

ဖုန်းတွင်ပေါ်နေခဲ့သော
Missed call from Yoongi  ဟူသော
စာတန်းလေးကို Jimin မတွေ့ခဲ့ရပေ။

ဤကဲ့သို့သော dramaဆန်သော အဖြစ်အား
Yoongiသာသိလျှင်တော့
Namjoonကို စိတ်တိုမည်လား ....
ကျေးဇူးပဲတင်မည်လား.. မသိနိုင်။

....

**Jiminine **

**ဗျာ **

**အခန်းထဲခဏလာခဲ့ဦး**

**ခုလား **

**အင်း **

**လာပြီ**

ဖုန်းပြောပြီးသည်နှင့်
ထိုင်ရာက ထကာ အပြင်ထွက်သွားဖို့ ပြင်ရင်း
Seokjin ကိုအသိပေးသည်။

**Hyung ကျွန်တော် Yoongi ဆီသွားလိုက်ဦးမယ်နော် **

**အေးအေး ရန်လည်းဖြစ်မလာနဲ့ဦး**

အခန်းထဲရောက်တော့ Yoongiက
ခဏစောင့်ခိုင်းတာကြောင့် Jimin
ဖုန်းကြည့်ရင်း အိပ်ရာပေါ်ထိုင်နေလိုက်သည်။
Namjoon hyungဝယ်ပေးတဲ့ Phone အသစ်လေးက တော်တော်ကောင်းတယ် ။

အညိုရောင်ဂီတာလေး တစ်လက်ကို
သယ်လာရင်း Jimin လက်ထဲကို
ထည့်လာပေးတဲ့ Yoongi..

**ဒါကဘာလဲ**

**မင်းတောင်းထားတဲ့ မွေးနေ့ဆုလေ **

သြော် ဟုတ်သားပဲ
ဂီတာ လိုချင်တယ်လို့ပြောထားတာ
ဒီအတောအတွင်း ဟိုကိစ္စပဲ ခေါင်းထဲရောက်နေလို့
မေ့နေတာ....

**ဒါက pick ... ဒီဟာက ကမ္ဘာ ပေါ်မှာ နှစ်ခုပဲရှိတဲ့ဟာ**

**သြော် တခြားတခုက ရောင်းကုန်သွားလို့လား**

ရိုက်ပစ်ချင်လိုက်တာ
ဒီ မဟုတ်တာတွေပဲ တွေးတဲ့ကောင်စုတ်လေးကို

**တခုကငါ့ဆီမှာ **

**မလိုချင်တော့ဘူး**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now