"လိမ်နေတာပဲ"

စိတ်တွေပါမက ဒူး‌နှစ်ဖက်ပါယိုင်ကျမတတ်။ ကျွန်တော် ဟန‌်ဆောင်၍ပင် ပြုံးမထားနိုင်တော့။

"ငါ ထပ်မေးမယ်"

"ဟင့်အင်း။ မမေးနဲ့ Hyung။ ကျွန်တော်မ‌ဖြေချင်ဘူး"

နှုတ်ကထုတ်ပြောပြီး တားသည်ကိုပင် Hyung က လက်မခံ။ ခြေလှမ်းအနည်းငယ်ရွှေ့၍ ကျွန်တော့်နားကို တိုးကပ်သည်။

"မင်း အဆင်ပြေရဲ့လား Jungkook"

နှစ်သိမ့်ပေးမယ့်သူရှိရင် လူတွေကပိုပြီးအားငယ် ပြိုလဲတတ်ကြတယ်ဆိုတာ တကယ်ပဲလား။ အခု Hyung ရဲ့ အကြည့်တွေနဲ့တင်ကို ကျွန်တော့်ရင်ထဲမှာ မွန်းကြပ်သိပ်သည်းနေသမျှ ခံစားချက်တွေအကုန် တအိအိနဲ့ ပြိုလဲလာနေသလို။ ငွေ့ရည်ဖွဲ့လာတဲ့ မျက်၀န်းတွေကနေ အရည်တွေ မသွန်းချမိစေဖို့ ထိန်းချုပ်ထားမိသည်မှာ နှာခေါင်း‌တွေပါ မွှန်လာ၏။ ပင့်သက်ကို ခက်ခက်ခဲခဲရှိုက်ယူရသည်။ Hyung က ငြိမ်ငြိမ်သက်သက်လေး ငေးကြည့်နေဆဲ။
အမှန်တကယ်ဆို ဒီလူသားအရိပ်အောက်မှာ ဒီလူသားဆီက နှစ်သိမ့်မှုတွေကို ခံယူဖို့ အပြေးလာခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ထုထည်ကြီးမားလွန်းနေသည့် ခံစားချက်တွေကို ဖွင့်ထုတ်ပြလို့ရော ဖြစ်ပါရဲ့လား။ ကျွန်တော်က Hyung မှီခိုအားကိုးနိုင်သည့်၊ Hyung ကို ကာကွယ်စောင့်ရှောက်နိုင်သည့် သန်မာသည့်ပုံစံကိုပဲ ပြချင်သည်။ အားနည်းတဲ့ပုံစံကို မမြင်စေချင်။ အထူးသဖြင့် မျက်ရည်တွေ။ သိပ်ကို အားငယ်၀မ်းနည်းတတ်တဲ့ လူလို့မြင်ပြီး Hyung စိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ။ သို့ပေမဲ့ ကျွန်တော် စိုးရိမ်သလို Hyung က တွေးနေပုံမရ။ ကျွန်တော့်အတွေးတွေကို နားလည်နေသည့်အလား ခေါင်းကို အသာအယာ ညိတ်၏။ ဒီထက်ပို တင်းမခံနိုင်တော့ဘဲ ကျွန်တော် အရိုးသားဆုံး ဖွင့်ပြမိတော့သည်။

<<>>

"ကျွန်‌တော် အဆင်မပြေဘူး Hyung"

ရစ်ဝိုင်းနေသည့် မျက်ရည်ကြည်တွေက အထိန်းအချုပ်ကင်းမဲ့စွာ ပါးပြင်ထက် လှိမ့်ဆင်းလာကြ၏။

"အ....အဘွားက....အဘွား မရှိ တော့ ဘူး.....ကျွန်တော့် အဘွားက....ကျ ကျွန်တော် ချစ် ရတဲ့ အဘွားက..အခု မရှိတော့ဘူးတဲ့ Hyung"

Be My Another Half (Please...Hyung!)Hikayelerin yaşadığı yer. Şimdi keşfedin