အာရုဏ် ဘာမှမပြော ခေတ်သစ်မျက်နှာကိုလဲ မကြည့်။

"ငါ‌မင်းကိုမေးနေတယ်လေ ငါ့ကိုကြည့်စမ်းး"

အာရုဏ်ခေတ်သစ်ကိုကြည့်ကာ "အကို့မျက်နှာကို မတွေ့ချင်လို့"

"ဘာ...မင်းက ငါ့မျက်နှာကိုမတွေ့ချင်ဘူးဟုတ်လားး"

"ကျွန်တော် အကိုနဲ့စကားပြောစရာလဲ မလိုဘူးထင်တယ် ကျွန်တာ့်ကို သွားခွင့်ပြုပါ"

‌ခေတ်သစ်ကို ကျောခိုင်းကာ အာရုဏ် ထွက်လာခဲ့လိုက်သည်။ခေတ်သစ်တစ်ယောက်ကတော့ ဘာမှဆက်မပြောနိုင်ဘဲ ထွက်သွားသောလူကိုကြည့်လျှက်နှင့်ကျန်ခဲ့‌တော့သည်။ 

လေးနာရီခွဲတော့အာရုဏ်တို့ပြန်ရန်ပြင်တုန်းရှိသေးကာရံပိုင် ရောက်လာတော့သည်။

"ဟင် ကိုကာရံပိုင်မပြန်သေးဘူးလား" အာရုဏ်မေးလိုက်သည်။

"အင်းမပြန်သေးဘူး အာရုဏ်နဲ့အတူပြန်မလို့"

"ဟင် ကျွန်တော် က လိုင်းကားနဲ့ပြန်မှာလေ အကိုရဲ့"

"သိတယ် အာ့ကြောင့်အကို့ကားနဲ့ လိုက်ပို့ပေးမလို့ လိုက်ပို့ခွင့်ပြုပါနော်"

"အာရုဏ် လိုက်သွားလိုက်လေ အကို ကခေါ်နေတာကို အားနာဖို့ကောင်းတယ်"
ဇေမင်းကလဲ အတင်းတိုက်တွန်း ကိုကာရံကိုလဲအားနာသောစိတ်ဖြင့်။

"အင်းပါ ကျွန်တော်အကိုနဲ့ လိုက်ခဲ့ပါ့မယ်" 

"ဟာ ဝမ်းသာလိုက်တာ အကိုညီလေးကိုကျေးဇူးတင်ပါတယ်‌‌လိုက်ပို့ခွင့်ပေးလို့"

"ရပါတယ် အကိုရဲ့"

အာရုဏ်ပြုံးကာ ကာရံပိုင်ကားနှင့်အတူ ထွက်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေသော ခေတ်သစ် မင်းပိုင်ဆီသို့ရောက်လာကာ မေးတော့သည်။

"မင်းသူငယ်ချင်းက ဘယ်သွားတာလဲ"

"အော် အကို အာရုဏ်ကအိမ်ပြန်တာပါ ဘာဖြစ်လို့လဲအကို"

"ကာရံပိုင်နဲ့အတူသွားတာတွေ့လို့မေးကြည့်တာ "

"အော်ကိုကာရံပိုင်က လိုက်ပို့ပေးတာလေ "

🖤Deep Love🖤[COMPLETED]Kde žijí příběhy. Začni objevovat