အစ်ကိုတစ်ယောက်ရဲ့အတွေး :
ချစ်စရာကောင်းလိုက်တာ ငါ့ညီမို့လို့ ။

ချစ်သူတစ်ယောက်ရဲ့အတွေး :
ဒီချစ်စရာရတနာထုပ်လေးကို
အိမ်မှာပဲ သိမ်းထားချင်လိုက်တာ။

**ကဲကဲ လူစုံရင်သွားကြမယ်**

**ခဏလေး Hyung နောက်တစ်ယောက်ရှိသေးတယ်**

**ဘယ်သူ???**

**Namjoon ကလိုက်မလို့တဲ့ မနက်ကဖုန်းဆက်တော့ သိသွားတာ Jiminineကလည်းလူများရင် ကောင်းတာပဲဆိုတာနဲ့ လာခိုင်းလိုက်တာ **

**Namjoon??? Kim Namjoon လား**

**ဟုတ်**

ခဏလောက်ငြိမ်ကျသွားပြီးမှ
ထရပ်လိုက်တဲ့ Seokjin....

**ငါ အဝတ်အစား သွားပြန်လဲလိုက်ဦးမယ် **

**အာ Hyung .. မလဲပါနဲ့တော့ ခုလည်း ကြည့်ကောင်းပါတယ် **

ပြန်ထိုင်လိုက်သည်။

**အင်း ငါကဘယ်လိုနေနေချောပါတယ် **

**ဟုတ်တယ် ဟုတ်တယ် **

**မင်းလည်း ဒီနေ့ ချစ်စရာလေး ကြည့်ကောင်းတယ် **

**ဟုတ်လား hyung ဟီးဟီး **

အတိုင်အဖောက်ညီနေသောညီအစ်ကို နှစ်ယောက်။

ခဏအကြာ Namjoonရောက်လာတော့
သူတို့ လေးယောက်သွားထွက်လာခဲ့ကြသည်။
ဦးတည်ရာ က Seoul က‌နေ သုံးနာရီလောက်ကားမောင်းသွားလျှင် ရောက်သည့် အပန်းဖြေစခန်း တစ်ခုဆီသို့.... ။
အေးအေးလူလူ ပျော်ပွဲစား ထွက်နိုင်သည့်
တောအုပ်တုလေးရယ်
ငါးဖမ်းလို့ရတဲ့ရေကန်ကျယ်ရယ် ရှိသောကြောင့်
ခုတလော နာမည်ကြီးတဲ့နေရာလေးကို
Jiminက Internet ကနေရှာတွေ့ထားတာဖြစ်သည်။

ကားကိုYoongi နှင့် Seokjin ကတစ်လှည့်စီမောင်းကြသည်။
ဟိုရောက်တော့ နေ့လည်စာစားချိန်ကျော်နေပြီမို့
အမြန်ခင်းကျင်းရင်း နေ့လယ်စာစားဖို့လုပ်ကြသည်။

ကားမောင်းသည်ကမပင်းပန်းရဘဲ
အခင်းကိုပြောင်းပြန်ခင်းနေသော Namjoon နှင့်
ဆရာကြီးလုပ်ပြီး ပြန်ပြင်ပေးကာ
တွန့်လိမ်နေအောက်ခင်းထားသော Jiminတို့ကြောင့်
Seokjin တော်တော်မောရသည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now