ဖိုးကျော်သည် စကားဆက်ရင်း ကွမ်းဝါးပြီးသားတွေကို ထွေးထုတ်လိုက်ကာ ရေသန့်ဘူးဖွင့်၍ ပလုတ်ကျင်းလိုက်၏။ ထို့နောက် သူပြောသမျှ ငြိမ်ပြီးနားထောင်နေသော ခေါင်လေးကို ကြည့်လျက် ကြံခင်းဘက်သို့ ပြန်လှည့်သွားတော့သည်။ပျိုးတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဆိုသည့်အကိုကြီးက
တောင်သူအလုပ်ဆို ယောင်လို့တောင် လှည့်ကြည့်သည်မဟုတ်ပါပဲ အခုမှဘာစိတ်ကူးပေါက်ပြီး ရောက်ချလာသည် မသိပေ။

" ငါ ကွမ်းယာမစားတော့တဲ့နေ့ဆိုတာ... ရှိလာမှာမဟုတ်ဘူး။ ရှိလာခဲ့ရင် အဲ့ဒီနေ့က ငါသေတဲ့နေ့ပဲ ဖြစ်မှာ။ ဘာလို့ဆို ငါက ကွမ်းယာကိုချစ်တယ်လေ"

ခေါင်လေးသည် အချစ်ဆိုသည်က်ို နားမခံနိုင်စွာ ရုတ်တရက် ပင်  ကျော်ခန့်ပိုင်ပုခုံးကို ဖိနိုပ်ချ၍ မတ်တပ်ရပ် လိုက်ပါလျှင် ကျော်ခန့်ပိုင်က...သင်္ကာမကင်းဖြင့်....

"သွားတော့မှာလားဗျ... "

"အင်... နွေးနွေးဆီ  သွားမလို့"

စိတ်တွေလေးနေတာကြောင့် ဘယ်သူမှမရှိတဲ့ တောစပ်မှာ သူ လာပုန်းနေမိသည်။ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင် ခဏလေး အတွင်းမှာ သူ နှိုင်းကို စူးနစ်စွာ ချစ်နေခဲ့ပြီမှန်း
နားလည်လိုက်ပါသည်။ သို့ပေမယ့် အချစ်ရယ် ခင်ဗျားနဲ့ကျွန်တော်က ကွမ်းယာကိုချစ်သလိုမျိုး မရိုးရှင်းဘူးလေ။ ဆုတောင်းကောင်းရဲ့လားမသိပေမယ့် ဒီ မင်္ဂလာပွဲ ပျက်ခဲ့ရင် အချစ်အနား မောင်အရောက်လာခဲ့မှာပါ။

" သတို့သားရဲ့ အီးမှန်ထားတဲ့မျက်နှာ ကို ကြည့်ပြီး သံဝေဂတောင်ရတယ်... ကွမ်းယာလေး ငါမင်းကိုပဲ ဆက်ချစ်မယ်။ လူတွေရဲ့အချစ်က ထုံးထက် အန္တရာယ်များတယ်ကွ!"

ကျော်ခန့်ပိုင်သည် ဆရာကြီးအထာဖြင့် ပြောချင်ရာပြောပြီး ဓါးမကို ခါးကြား ထိုးကာ တောတွင်းသို့ဝင်၍ သစ်ကိုင်း တစ်ချို့ကိုခုတ်ထွင် ရှင်းလင်း၍ ထင်းအဖြစ်သို့ပြောင်းလဲ လိုက်သည်။မီးသွေးတွေက ဈေးကြီးသည်။ အမေ့အခန်းလေး
နွေးနေဖို့ ထင်းမီးဖို ပြောင်းလုပ်ပေးရတော့မည်။သို့တိုင် စိတ်ထဲ စနိုးစနှောင့်ဖြင့် တစ်ခုခုဖြစ်တော့မည်ကို စိတ်ကအလိုလိုသိနေသည်။ ဘာဖြစ်မည်ကိုတော့ ခန့်မှန်း၍မရပေ။

Black Memory(U+Z)(Completed )Where stories live. Discover now