Part 20 (Unicode)

Mulai dari awal
                                    

"အန်နီရာ.."

ဝေ၀ါးလာသော မြင်ကွင်းကြောင့် လုလိယက်စ် အားမရ။ သူမကို ပြောစရာတွေရှိသေးသည်။ မေးစရာတွေ ရှိသေးသည်။ ရင်ထဲမှ နာကျင်မှုသည် တစ်ကိုယ်လုံးကို ပျံ့နှံ့လာနေသည်။

.

.

.

လှုပ်ရှားမှုတစ်ခု..

အမြင်အာရုံတွေထဲမှာ မသဲကွဲသေးပေမယ့် သူ့အနားကို တစ်စုံတစ်ယောက် တိုးကပ်လာသည်ဆိုတာကို လုလိယက်စ်သိသည်။ အာခေါင်တွေခြောက်ကာ ပေါင်နေရာမှ မီးတောက်တစ်ခုနှင့် အထိုးခံထားရသလို ပူလောင်စူးအောင့်နေသည်။ စိတ်နှင့်ကိုယ်ကို သတိမလွတ်အောင် ကြိုးစားပေမယ့် မအောင်မြင်။ မျက်တောင်များက ပြန်ဖွင့်လို့မရချင်လောက်အောင် လေးလံနေသည်။ ဝေ၀ါးနေသော မြင်ကွင်းထဲမှ ပုံရိပ်သည် သူရင်းနှီးနေသော ပုံရိပ်တစ်ခု။ ဝေ့ဝဲသွားသော ဆံပင်နက်ခွေများကိုမြင်လိုက်ရသည့်ခဏ အသိသည်ကိုယ်နှင့် ချက်ချင်း ပြန်ကပ်လာသည်။

သူ့နားတွင် ရှိနေသူသည် အန်နီရာမဟုတ်။

ဘာတွေဖြစ်ခဲ့သည်ကို ပြန်တွေးရချိန် ခေါင်းထဲမှာ နာကျင်လာသည်။ ထို့နောက် အဖြစ်အပျက်တစ်ချို့ကို တရိပ်ရိပ်နှင့် ပြန်လည်အမှတ်ရလာသည်။ ကြောက်မက်ဖွယ် လှုပ်ရှားနေသော မြေပြင်နှင့် လိမ့်ကျလာသော ကျောက်တုံးကျောက်ခဲများ။ သူ့အပေါ် ကိုယ်ခန္ဓာနှင့်အုပ်ကာ ကာကွယ်ပေးခဲ့သော ကောင်လေးတစ်ယောက်။

လုလိယက်စ် မျက်လုံးများကို ကြိုးစားဖွင့်ကြည့်သည်။

"အရှင်..."

ခေါ်သံသည် သူ့အိပ်မက်ထဲမှ အန်နီရာကဲ့သို့ မချိုပါ။ ခပ်ကြမ်းကြမ်း၊ ခပ်ရှရှ အသံမျိုးဖြစ်သည်။ ဒါပေမဲ့ ထိုအသံတွင် စိုးရိမ်ပူပန်မှုတွေ ရောယှက်နေသည်။ ရုန်းထဖို့ ကြိုးစားသော်လည်း မြေပြင်ပေါ်တစ်ဖန် ပြန်လဲကျသွားသည်။ သန်မာသော လက်နှစ်ဖက်က လှမ်းပွေ့လိုက်သည်။ အေးခနဲဖြစ်သွားသော အသိကြောင့် မျက်မှောင်ကြုတ်သွားသည်။ ဖဲလ်လစ်၏ လက်တွေက အေးနေတာမဟုတ်။ လုလိယက်စ်၏ ကိုယ်ခန္ဓာအပူချိန်က သာမာန်ထက် ပိုနေတာဖြစ်သည်။

ထာ၀ရ ပုံပေTempat cerita menjadi hidup. Temukan sekarang