သူ့အတွက် အန်နီရာသည် ပထမဦးဆုံးချစ်ခဲ့ရသူ အချစ်ရဆုံး မိန်းကလေးတစ်ယောက်။ အန်နီရာထက် ပိုချစ်ရသူ မဆိုနှင့်။ အန်နီရာလောက် ချစ်ရမည့်သူဆိုတာပင် လုလိယက်စ်အတွက် ရှိနိုင်လိမ့်မည် မဟုတ်။ ရှေ့ခြေတစ်လှမ်းတိုးရင်း လက်ကိုင်ပဝါလေးကို ဆုပ်ကိုင်ထားသော လုလိယက်စ်၏ လက်ဖမိုးပေါ်တွင် အန်နီရာ လက်ဖဝါးကို ဖွဖွတင်သည်။
"ဘယ်သူပဲဖြစ်ဖြစ်ပါ။ အဲ့ဒီ့သူကို အရှင်တန်ဖိုးထားမယ်ဆိုရင် တို့လည်း တန်ဖိုးထားမှာပဲ။ အရှင့်ဘဝထဲမှာ တို့ ရှိနေခွင့် မရခဲ့ရင်တောင်..."
"ဘာလို့လမ်းခွဲစကားတွေ ပြောနေတာလဲ အန်နီရာ။ ကိုယ် မင်းဆီကို ပြန်လာမှာ။ မင်းကလွဲရင်.."
အန်နီရာသည် လုလိယက်စ်ကို ရှေ့ဆက်စကားပြောခွင့်မပေး။ ဖြူဖွေးသောလက်ညှိုးလေးသည် လုလိယက်စ်၏ နှုတ်ခမ်းများကို ဖိပိတ်လိုက်သည်။ မျက်ရည်များနှင့်လဲ့နေသော သူမ မျက်လုံးများသည် အလွမ်းနှင့်အချစ် ရောယှက်နေသည်။
"ဟင့်အင်း။ မလိုအပ်ပါဘူး။ အရှင့်ဆီက ဘာကတိစကားမှ မကြားပါရစေနဲ့နော်။ အရှင့်ဘဝ ငြိမ်းချမ်းသာယာဖို့ကလွဲရင် တို့ တခြားဘာမှမမျှော်လင့်ဘူး။ ခဏပဲဖြစ်ဖြစ်၊ ထာဝရပဲဖြစ်ဖြစ် ခွဲကြရမယ်ဆိုရင်တောင် အရှင့်ကို ဘယ်တော့မှ မမေ့ဘူး။ ဒီလက်ကိုင်ပဝါလေးကို တို့ အရှင့်ကို ပေးခဲ့သလို တစ်နေ့မှာလည်း အရှင် အခြားတစ်ယောက်ကို ပေးနိုင်ပါစေလို့ ဆုတောင်းနေမယ်။ အရှင့်ဘဝမှာ အန်နီရာ့ ထက်ပိုချစ်ရသူတစ်ယောက်နဲ့ ဆုံစည်းစေချင်တယ်။"
လုလိယက်စ်သည် ချစ်ရသူ၏ စကားများကို နားမလည်နိုင်။ သူသည် သိပ်မကြာခင်မှာပင် ရောမမြို့မှခွာကာ တိုက်ပွဲနယ်မြေများသို့ သွားရတော့မည်ဖြစ်သည်။ ဒါပေမဲ့ သူ အန်နီရာ့ဆီသို့ ပြန်လာမှာပဲဖြစ်သည်။ သူ သိပ်ချစ်ရသည့် သူမကို လက်ထပ်ပြီး တစ်သက်တာလုံး အတူတူ ပျော်ရွှင်စွာ နေသွားမည်ဖြစ်သည်။ မျက်ရည်စတွေနှင့် ပြုံးနေသော သူမကို လုလိယက်စ် နားမလည်နိုင်။ ဆို့နစ်နာကျင်လာသော နှလုံးသားသည် ကြောက်စရာအမှန်တရားတစ်ခုခုကို နားမလည်ချင်သလို ရင်ဘတ်အတွင်းမှာ အတင်းရုန်းကန်နေသည်။
YOU ARE READING
ထာ၀ရ ပုံပေ
Part 20 (Unicode)
Start from the beginning