Part 20 (Unicode)

Start from the beginning
                                    

"အရှင့်ကိုစောင့်နေတာ။"

လှိုက်ဖိုနေသော ရင်အစုံကြောင့် ဝင်းညွှန့်သောရင်သားပေါ်မှ မြနှင့်ပုလဲငယ်များ မြှုပ်ထားသော ရွှေဘယက်လေးမှာ နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည်။ သူမလက်ထဲတွင် လက်ကိုင်ပဝါလေးတစ်ထည်ကို ကိုင်ထားသည်။ ရွှေရောင်မျှင်များနှင့် အနားကွပ်ထားသည့် ပိုးသားလက်ကိုင်ပဝါလေးဖြစ်သည်။ ကမ်းပေးနေသော လက်ချောင်းသွယ်များကို မထိဖြစ်အောင် သတိထားရင်း လုလိယက်စ် လှမ်းယူဖြစ်သည်။

"အဓိပ္ပါယ်ရှင်းပြစရာ မလိုဘူး မဟုတ်လား အရှင်"

ပင်လယ်လေမှ တိုက်ခတ်လာသော လေညင်းသည် အိမ်ဝင်ပေါက်မှ ဆည်းလည်းလေးကိို မြည်ဟည်းသွားစေသလို လုလိယက်စ်၏ နားထဲတွင် သာယာသောသံစဉ်လေး တစ်ခုကို ဖန်တီးပေးသွားသည်။ သူမကိုယ်တိုင် တယုတယ ပုံဖော်ထိုးထားသော ထိုလက်ကိုင်ပဝါလေးကို ဖြည်ကြည့်ရင်း လုလိယက်စ် စကားဆိုဖြစ်သည်။

"ကိုယ့်အတွက် မင်းဟာ ဘဝရဲ့လက်ဆောင်မွန်ပဲ အန်နီရာ။ မင်းနဲ့ရှိနေရချိန်တိုင်းကို တန်ဖိုးထားတယ်။"

"တို့ ယုံပါတယ် အရှင်။ ဒါပေမဲ့ တစ်နေ့နေ့မှာလေ.. တို့ထက်ပိုပြီးအရေးကြီးသူ တစ်ယောက်ကို တွေ့ခဲ့မယ်ဆိုရင်တောင် လက်ခံပေးမှာ သိလား။ တို့လေ..အရှင့်ကို အဲ့ဒီ့လောက်ထိ မြတ်နိုးတန်ဖိုးထားတာ။"

ပန်းရောင်သန်းသွားသော ပါးပြင်မို့မို့သည် လုလိယက်စ်၏ နှလုံးခုန်နှုန်းကို အတိုင်းအဆ မရှိအောင် တိုးလာစေသည်။ စကားလုံးများသည် စပျစ်ရည်ပြင်းတစ်ခွက်လို မူးယစ်စေပါသလား။ သူ မသိထားခဲ့။

"မဖြစ်နိုင်တာကွာ။ ကိုယ့်အတွက် မင်းကလွဲရင် ဘယ်သူ့မှ အရေးမကြီးဘူး။"

တိုးဖွဖွရယ်သံကို ကြားရသည်။ နားလည်ခွင့်လွှတ်သည့် မျက်လုံးပြာများထဲမှာ လုလိယက်စ် ပျောက်ဆုံးသွားရပြန်သည်။

"တကယ်လို့ ရှိလာခဲ့ရင်လို့ ပြောတာပါ။"

"ကိုယ့်ဘဝမှာ မင်းရှိနေပြီပဲ အန်နီရာ။ တခြားတစ်ယောက်ဆိုတာကြီးကို ထည့်မပြောပါနဲ့လား။"

ထာ၀ရ ပုံပေWhere stories live. Discover now