ဆေးရုံအပြင်ရောက်တော့မှ မားတို့ကိုသတိရ၍ ဖုန်းလှမ်းဆက်ကြည့်တော့ စောင့်ရတာကြာနေလို့အိမ်ပြန်နှင့်လိုက်ပြီတဲ့...
တော်သေးတာပေါ့..."ခေါင်းမူးတယ်ဆိုတာ ဘာမှမဆန်းတာမှန်ပေမယ့် ခုလိုအကောင်းတိုင်းကနေထဖြစ်တာကတော့ စိုးရိမ်ရတယ်လေ မတော်လို့မနေ့ကကိစ္စကြောင့် ခေါင်းအထဲမှာတစ်ခုခုဖြစ်သွားတာဆိုရင်ဘယ်လိုလုပ်မလဲ"
အခန်းတံခါးရှေ့ရောက်တော့ ကြားနေရတဲ့အသံတွေကြောင့် ကောင်လေးဘက်ကအသိ ရောက်နေပြီဆိုတာသိလိုက်သည်...
တံခါးဖွင့်အခန်းထဲဝင်လိုက်တဲ့အထိ သူတို့ကသိပုံမပေါ် တံခါးရဲ့မျက်စောင်းထိုးမှာရှိတဲ့ကုတင်ပေါ်ကကောင်လေးက တံခါးကိုနောက်ကျောပေးထားတဲ့ ကောင်လေးနဲ့ကွယ်နေသည်...တစ်ချက်တစ်ချက် ထွက်လာတဲ့စကားသံကကို့အသံနှင့်တော်တော်တူသည်...နောက်ကျောပုံစံကလည်းကို့အတိုင်းပင်...နောက်ပြီး အင်္ကျီ ကလည်း...ဟင် ကိုများလား?
တွဲလာတာကြာပြီ ကို့မှာညီရှိတယ်လို့တစ်ခါမှမကြားဖူး ဆွေမျိုးတွေထဲကဖြစ်ရအောင်လည်း ကို့မှာအဖေတစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိ...
သူငယ်ချင်းတစ်ယောက်ပြောပြဖူးတဲ့ 'ရှောင်းကျန့်က သူတို့ကျောင်းကသူဌေးသားတစ်ယောက်နဲ့တွဲနေတာ' ဆိုတဲ့ စကားကိုပြန်ကြားယောင်လာသည်...မဖြစ်နိုင်ပါဘူး မဖြစ်နိုင်ဘူး..."မဟုတ်လောက်ပါဘူး ဒီအတိုင်းနေအရမ်းပြင်းလို့ဖြစ်တာပါ"
"ဒါပေမယ့်..."
<မွ>
"ဟီး ကိုကို့ကို အရမ်းချစ်တာပဲ"
ရီဖေးတစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့် စကားလုံးများကလည်ချောင်းတွင်တစ်သွားသည်...သူထင်တာမမှားလောက်ဘူး...သူငယ်ချင်းတွေပြောပြကြပေမယ့် သူမယုံခဲ့ ကိုအချစ်ကိုသူအကြွင်းမဲ့ယုံကြည်သည်မို့...ဒါပေမယ့် ခုတော့...
"ဟိုလေ"
"အော် အမ"
ရီဖေးအားတင်းကာပြောလိုက်တော့ တံခါးဘက်သို့ ကျော်ကြည့်လာသော ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးရယ်...လှည့်ကြည့်လာသောချစ်ရသူရယ်...
"ရီဖေး?"
ရီဖေးကိုမြင်တော့ ရှောင်းကျန့် မျက်နှာမှာအံ့သြမှုအတိုင်းသား...
YOU ARE READING
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*9*'Flashback 1'
Start from the beginning