အခန်း (၅၃) ဆုံးဖြတ်ချက်

12.3K 1.9K 66
                                    

[Unicode]"ခင်ဗျားပဲကတိပေးခဲ့တာလေ ... အသက်ကြီးတဲ့အထိ အတူတူနေပေးမယ်လို့ ကတိပေးခဲ့တယ်လေ ... ကျွန်တော့်မှာ ခင်ဗျားတစ်ယောက်ပဲ ရှိတာပါ ... ကျွန်တော့်ကို မထားခဲ့ပါနဲ့ ..."

လုရှန်းကြားနိုင်မည်မဟုတ်မှန်းသိသော်လည်း လီဆွေ့ ခပ်တိုးတိုးတောင်းပန်နေမိသည်။

ကုတင်ပေါ်မှာလဲနေသူက တုံ့ပြန်မလာခဲ့ပေ။ လုရှန်း၏ဘေးဘက် လီဆွေ့မမြင်ရသော ထောင့်တစ်နေရာတွင်နှလုံးမော်နီတာတစ်ခုရှိသည်။ မသိမသာနှင့် ထိုအရာက လီတွေ့အတွက်တော့ အနည်းငယ်ကွဲပြားသည့်အချက်ပေးစနစ်ဖြစ်လာခဲ့သည်။

CCUအတွင်းမှ အပူချိန်က အတော်လေးနိမ့်သည်။ ခဏသာနေရသေားသော်လည်း သူ၏ခြေလက်များ အေးစက်လာ၏။ ကျီရွေ့က အနွေးထည်ထူထူပေးလိုက်၍သာတော်သေးသည်။ ထိုအနွေးထည်ကို ခြုံကာကွေးလိုက်ရင်း ကုတင်၏ဘေးမှ စင်တစ်ခုကို မှီထားကာ လုရှန်းကို ကြည့်နေရင်း အိပ်ပျော်သွားသည်။

ညနက်လာသည့်အခါမှာတော့ စြင်္ကံလမ်းမှာ လူတစ်ယောက်မှ မရှိတော့ပေ။ အခန်းထဲတွင်လည်း မီးဖွင့်မထား ... စောင့်ကြည့်ကိရိယာအချို့မှ အလင်းရောင်သာရှိသည်။

လီဆွေ့ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေစဉ် တစ်စုံတစ်ယောက်က ID ကဒ်နှင့် Sensor ကို ဖြတ်ကာ အခန်းတံခါးဖွင့်သံကို ကြားလိုက်ရ၏။ လီဆွေ့ချက်ချင်းနိုးသွားပြီး ဦးဆုံး သူ့စိတ်ထဲတွေးလိုက်မိသည်ကား ကျီရွေ့ဖြစ်မည်ဟု ထင်လိုက်သည်။ သို့သော် ပုံစံက အနည်းငယ်ကွဲပြားသည်။ ထိုသူက အနည်းငယ်ပိုဝ၏။ ကျီရွေ့လည်း မဟုတ်သလို ကျီရွေ့၏ဦးလေးလည်းမဟုတ်ပေ။

ကျီရွေ့ကို ဒုက္ခမပေးလို၍ လီဆွေ့လည်း မမြင်အောင်ပုန်းနေလိုက်၏။ ထိုသူ မီးဖွင့်လိုက်မည်စိုးသောကြောင့် ကုတင်အောက်သို့ အမြန်ဝင်ကာ အပြင်မှဝင်လာမည့် ထိုသူကို စောင့်ကြည့်နေမိသည်။

သို့သော် ဝင်ရောက်လာသူက မီးမဖွင့်ပေ။ အဲ့ဒီအစား တံခါးကိုတိတ်တဆိတ်ပိတ်လိုက်၏။ လီဆွေ့ အသင့်အနေအထားဖြစ်သွားသည်။ ကုတင်အောက်သို့ရောက်နေ၍ ထိုသူ၏မျက်နှာကို မမြင်ရသော်လည်း ကုတ်အဖြူကိုတော့ မြင်လိုက်မိသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now