အခန်း (၂၈-၁) အလုပ်စတင်လုပ်ခြင်း

14.4K 2.1K 66
                                    

[Unicode]အပြင်ဘက်ရေကန်ငယ်မှ ဝါးရေရဟတ်က တထပ်ထပ်လည်နေပြီး ဝါးဆစ်ဖျားပေါ်သို့ ရေတတောက်တောက်ကျသံကိုကြားနေရသည်။

"လျို့ရှင်းထျန် ခုတလော တော်တော်လေးငြိမ်နေတယ် ... တုံ့ရှင်းကို ရဲတွေစစ်ဆေးတာခံပြီးကတည်း ဘာလှုပ်ရှားမှုမှ မလုပ်သေးဘူး"

လုရှန်းက လိုက်ကာစကိုမ,၍ ဝါးရေရဟတ်ငယ်ကို ကြည့်လိုက်ကာ လိုက်ကာပြန်ချလိုက်ရင်း မေး၏။

"လီယန်းရော"

"သူ့သတင်းတော့ ဘာမှမရသေးဘူး ... ဒါပေမယ့် သူသွားတတ်တဲ့နေရာတွေမှာတော့ ကိုယ့်လူတွေချထားတယ် ... သူထွက်လာတာနဲ့ ချက်ချင်းတရားရုံးအပို့ခံရမှာပဲ"

"သူ့ကို မလွတ်စေနဲ့"

"နားလည်ပါပြီ"

တွေ့ဆုံပွဲပြီးသည့်နောက်မှာ လုရှန်းနဲ့ မုန့်ရှင်းယို့တို့နှစ်ဦးက စကားပြောဖို့ကျန်ခဲ့သည်။

"ဒီတစ်ခေါက် နင် တော်တော်လေး စည်းကျော်ဘောင်ကျော်လုပ်သွားတယ်နော် ... မြို့ထဲအထိ ရဟတ်ယာဉ်နဲ့တိုက်ရိုက်ပြန်လာတာများ ... ငါ့အဘိုးဆူတာခံလိုက်ရတယ် သိရဲ့လား"

ရှင်းယို့ကဆက်ပြောသည်။

"ငါ့မှာ နင်ဆိုတာ မပြောရဲလို့ သူဆူသမျှ ခေါင်းငုံ့ခံလိုက်ရတာ"

လုရှန်းက ပြုံးရင်းနဲ့ သူမကို လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်သည်။

"ဟုတ်တယ် ... ငါ့အမှား"

ရှင်းယို့က သူမကိုကမ်းပေးလာသော ခွက်ကိုယူလိုက်ပြီး နောင်တတရားတွေပြည့်နှက်နေသောအကြည့်နှင့် ပြောသည်။

"လုရှန်း ... ငါလက်ထပ်တော့မယ်"

"ဟုတ်လား ... ဂုဏ်ပြုရမှာပေါ့"

ရှင်းယို့က ခစ်ခနဲ့ရယ်လိုက်သည်။

"နည်းနည်းလေး ခံစားချက်ပြပါဦးလားဟင် ... ဘယ်လိုပြောမလဲ... စိတ်မကောင်းတဲ့ပုံစံမျိုးပေါ့"

"ကိုယ့်ညီမတစ်ယောက်လုံး လက်ထပ်တော့မှာ ... ဒါ ပျော်စရာကိစ္စပဲမဟုတ်ဘူးလား"

လုရှန်းဖုန်းမြည်လာ၍ စကားပြောလိုက်သည်။ တစ်ခန်းလုံးတိတ်ဆိတ်နေပြီး တစ်ဖက်မှပြောသမျှကို သူမ အကုန်ကြားနေရသည်။ တစ်ဖက်ကလူနှင့် အသေးစိတ်လိုလေသေးမရှိပြောဆိုနေသည်ကိုကြားသည့်အခါ လုရှန်း ဖုန်းချသည်နှင့် သူမမနေနိုင်ဘဲ မေးလိုက်မိသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now