အခန္း(၃၈) သူ၏မ်က္လံုးမ်ား

14.2K 2K 126
                                    

[Unicode]လကုန်ကာနီး အားလပ်ရက်တစ်ရက်မှာတော့ လီဆွေ့သည် လုရှန်းနှင့်အတူ ငါးမြှားသွားရန် ပြင်ဆင်ထား၏။ သို့သော် သွားကာနီးမှ "အနာဂတ်စီးပွားရေးတိုးတက်မှုညီလာခံ"ကို မြို့ထဲ၌ကျင်းပဖြစ်မည်ဖြစ်၍ တုံ့ယမ်းကိုလည်း တက်ရောက်ဖို့ သေသေချာချာဖိတ်ခေါ်သည်။ ထို့ကြောင့်လီဆွေ့မှာ အဝတ်အစားပြန်လဲပြီး ညီလာခံသို့ သူ့ဘာသူကားမောင်းသွားရပြန်၏။

လုရှန်းကရှောင်းကျောင်းကို လီဆွေ့၏အနီးကပ်ယာဉ်မောင်းအဖြစ် ထားပေးဖို့နှစ်ခေါက်တိတိပြောသော်လည်း လီဆွေ့ကနှစ်ခါလုံးငြင်းသည်။ ပြီးတော့ သူသည် ယာဉ်မောင်းတစ်ဦးခေါ်ထားရလောက်အောင် အရေးကြီးသောသူလည်းမဟုတ်။ ရိုးရိုးကုပ်ကုပ်နေထိုင်ခြင်းသည်သာကောင်းသည်။ လီဆွေ့သည် မလိုအပ်သောအပို အာရုံစူးစိုက်ခံရခင်းများကို မလိုချင်ပေ။

ထိုနောက်ပိုင်းတော့ လုရှန်းလည်း ယင်းကိစ္စနှင့်ပတ်သတ်၍ ထပ်မပြောတော့ပေ။

ဒီနေ့တော့ လုရှန်းတစ်ယောက် ပုံမှန်ထက်စောစောနိုးလာသည်။ အိပ်ယာပေါ်မှာပဲ လှဲနေရင်း လီဆွေ့မှန်ရှေ့မှာ နက်ကတိုင်စည်းနေသည်ကို ကြည့်နေရင်းပြုံးမိသည်။ သူ့မျက်လုံးများပင် အပြုံးရိပ်သမ်းနေတော့၏။

"ဘာရယ်နေတာလဲ"

လီဆွေ့က မှန်ထဲကနေ လုရှန်းကိုလှမ်းကြည့်ရင်း မေးလိုက်သည်။

မနေ့ညက "လေ့ကျင့်ခန်း"လုပ်ခဲ့တာ အနည်းငယ်လွန်သွား၍ နောက်တစ်နေ့မနက် လုရှန်းအိပ်ရာထဲမှာရှိနေသေးသည်မှာ သိပ်တော့မထူးဆန်းလှပေ။ လုရှန်းသည် လက်တစ်ဖက်ကို ခေါင်းအုံး၍ လီဆွေ့ကို လက်ယက်ကာခေါ်လိုက်သည်။

"ဒီနားလာပါဦး ... နမ်းသွားဦးလေ"

လီဆွေ့လည်းပြုံးလိုက်သည်။ သူ၏မျက်လုံးများသည်လည်း အပြုံးနှင့်အတူကော့ညွတ်တက်သွား၏။ တစ်နှစ်ပြီးတစ်နှစ် လီဆွေ့သည် နေ့စဉ်ရက်ဆက်ပြောင်းလဲကြီးပြင်းလာသော်လည်း သူ၏မျက်လုံးများကတော့ အရင်အတိုင်းပေဝ ထိုမျက်လုံးများကတော့ သူတို့စတင်ဆုံစည်းစဉ်တုန်းကအတိုင်း နက်မှောင်၍ကြည်လင်နေဆဲ ...

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now