Ahh ...မွန်းကျပ်လိုက်တာဟာ....

ထိုအ‌ ‌ေတွး‌ေတွကြောင့်
မျက်နှာကိုအနည်းငယ်တည်ထားလိုက်ပြီး
သူကိုယ်တိုင်ဖျော်ပြီး လာချပေးတဲ့ Coffeeခွက်ကို
ခပ်တည်တည်ပဲယူသောက်လိုက်သည်။

Jennie ကိုစွဲလမ်းစေတဲ့ သူ့အပြုအမူတွေထဲမှာ
သူ့ဖျော်ပေးတဲ့ Coffee ကလဲ တစ်ခု အပါအဝင်ဖြစ်လေသည်။

ဘာစကားမှ ဆိုးသည်ကောင်းသည်မပြောပဲ
မျက်နှာအနေအထားက အနည်းငယ်တည်ပြီး
တိတ်ဆိတ်အေးစက်နေတာကြောင့်
သူ မနေ့က ကိစ္စကို စိတ်ဆိုးနေတာနေမှာ....

JiSoo တုံ့ဆိုင်းချင်းမရှိပဲ ချက်ချင်း ပြန်တောင်းပန်လိုက်သည်။

"ဟို.... Sajannim....မနေ့က ကိစ္စလေ....
တစ်ကယ်တောင်းပန်ပါတယ် တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး....
နှုတ်ခမ်းချင်းထိသွားတာကလဲ...
နှစ်ယောက်လုံးပြိုင်တူလှည့်လိုက်တာဆိုတော့လေ...
မရည်ရွယ်ပဲ...."

"အင်း...လူမှားတာမလား အဲ့ဒါကလဲ Chaengနဲ့လေ
သိပြီမို့လို့...ထွက်သွားလို့ရပြီ...
နောက်ဆို ဆင်ခြင်ပါ"

"Nae..."

Jennie...လေသံနည်းနည်းမာကာ
Chaeng နဲ့လူမှားတာမလားဆိုပြီး
မိမိဘက်က ဉီးအောင်ပဲပြောလိုက်သည်။
သူ့ဘက်က စပြီး လူမှားပြီး ဒီလိုလာလုပ်မိပါတယ်ဆိုတဲ့စကားကို
ဘာကြောင့်မှန်းမသိ မကြားချင်နေပေ။

JiSoo တစ်ယောက် သူ့ဘက်က မိမိကိုဒီလိုခပ်မာမာ
ဆက်ဆံတာမျိုးနည်းနည်းလေးမှမလိုချင်ပေ။

အလုပ်ထုတ်ခံရရင်လဲ ထုတ်ခံရပါစေ
မိမိရဲ့ ခံစားချက် အစစ်အမှန်ကို ထုတ်ပြောဖို့ဆုံးဖြတ်လိုက်ပြီး
သူမရဲ့ ရုံးခန်းအပြင်ရောက်ကာနီး ‌ေြခလှမ်းတွေကို
ပြန်လှည့်လာလိုက်ပြီး...

"Jennie....ya....မနေ့က Chaengနဲ့
လူမှားတာ မဟုတ်...ငါ...."

JiSoo ရဲ့စကားသံတို့ကမိမိတစ်ကိုယ်တည်းကြားလောက်ရုံသာ
အသံထွက်လာပြီး ထိုအသံတို့ကတိမ်ဝင်သွားခဲ့လေသည်။

အဘယ့်ကြောင့်ဆိုသော်....
Jennieရဲ့ ph ပြောသံတွေကြောင့်ပေါ့....

"Oppa....တစ်ကယ်လား...တစ်ကယ်လာမှာလား
တစ်ကယ်နော်....အရမ်းလွမ်းနေခဲ့တာ..."

GASHINA (Completed )Where stories live. Discover now