~Hurt~*8*'First date with.....'

Start from the beginning
                                        

"အေးချမ်းတယ် အထီးကျန်နေပုံလည်းပေါ်တယ်"

ရိပေါ် စကားဆုံးတော့ ရှောင်းကျန့် ကခေါင်းငြိမ့်ပြသည်...

"ဒါပေမယ့် အေးချမ်းတာရယ် အထီးကျန်တာရယ် ပန်းချီကားနာမည်ရယ်က ဘယ်လိုဆက်စပ်နေတာလဲဟင်"

ပန်းချီကားအောက်က Name နေရာမှာ ရေးထားတဲ့ AWAY ဆိုတဲ့စကားလုံးလေးကိုခပ်ဖွဖွထိကာ ထပ်မေးလာတာမို့...

"အင်းးးအဓိပ္ပာယ်ကတော့ရိုးရှင်းပါတယ် လူတွေရဲ့အဝေးမှာနေတာက အေးချမ်းတယ် ဒါပေမယ့် အထီးတော့ကျန်တယ်ဆိုတဲ့သဘော"

ရှောင်းကျန့် စကားအဆုံး ရိပေါ် ပန်းချီကားကို လက်လေးနဲ့ခပ်ဖွဖွလေးပွတ်မိသည်...

*အေးချမ်းတဲ့နေရာ? ငါကရော အဲ့လိုနေရာမျိုးကိုရောက်မှာလား?*

~~~~~~~~~~Hurt~~~~~~~~~~

"အဟမ်းဟမ်း အားလုံးပဲမဂ်လာပါဗျ ဒီနေ့က ဒီပန်းချီပြပွဲ ကျင်းပတာဆယ်နှစ်ပြည့်နေ့လေးပါဗျ ပြောရရင် ဆယ်စုနှစ်ကာလတစ်ခုကို ကျော်လွန်ခဲ့ပြီပေါ့ဗျာ အဲ့ဒါကြောင့် ခုလာရောက်တဲ့ဧည့်သည်တွေအတွက် အထူးအစီအစဥ်လေးပြင်ဆင်ထားပါတယ်"

"Woo nice!"

"Cool"

ဆူညံသံများက တစ်စတစ်စတိုးလာကာ လူတွေက ခုနကပြောနေတဲ့လူရဲ့ ရှေ့မှောက်ကိုသွားနေကြတာမို့ သူတို့လည်းလိုက်ကြည့်မိသည်...

"ဟုတ်ကဲ့ပါ အစီအစဉ် လေးကတော့ အတွဲလေးတွေအတွက်ဆိုရင်ပိုမှန်မယ်ဗျ"

"What?!"

"Ohh!"

"မိုက်တယ်ဟေ့!!"

စကားသံအဆုံးထပ်ထွက်လာတဲ့ဆူညံသံများ...အတွဲနဲ့လာတဲ့သူတွေကတော့ ပျော်နေသလို၊ ဂုဏ်ဆာနေသလို...တစ်ယောက်တည်းသမားတွေကတော့ မျက်နှာကြီးကိုရှုံနေမဲ့သူကမဲ့၊ fa is the best ဟုခံထားတဲ့သူတွေကလည်း မပါရလည်းဘာဖြစ်လဲကွာဆိုတဲ့မျက်နှာထားနဲ့...

"အတွဲဆိုတာ ချစ်သူ၊ရည်းစားတွေပဲမဟုတ်ပဲနဲ့ သူငယ်ချင်းတွေ မောင်နှမတွေ အသိတွေဆိုလည်းရပါတယ် နှစ်ယောက်ရှိရင်ရပြီလို့ပြောချင်တာပါ တစ်ယာက်ကနောက်တစ်ယောက်ရဲ့ပုံကို ဆွဲပေးရမှာပါ... အချိန်ကတော့ တစ်နာရီရပါမယ်...ဆွဲထားတဲ့ပန်းချီကားတွေကို ကျန်တဲ့သူတွေကမဲပေးရမှာဖြစ်ပြီး မဲအများဆုံးရတဲ့ပန်းချီကားတွေရဲ့ပိုင်ရှင်သုံးတွဲကို Rolex စုံတွဲနာရီနဲ့ စုံတွဲ ညစာစားခွင့်ကတ်ကိုလည်းချီးမြှင့်သွားမှာဖြစ်ပါတယ်"

~Hurt~(Completed)Where stories live. Discover now