"ဟီး..ကျွန်တော်လည်းမစားရသေးဘူး"
မျက်လုံးလေးတစ်ချက်သာလှန်ကြည့်လိုက်ပြီး ဘေးတွင်ရပ်နေသော waiter ကို...
"အမေရိကာနို တစ်ခွက် ၊ နာနတ် ကိတ် တစ်ခု ၊ နွားနို့ တစ်ခွက် ၊ ကွတ်ကီး တစ်ပွဲ"
waiter ထွက်သွားပြီး ရိပေါ်ကိုကြည့်လိုက်တော့ မျက်လုံးပြူးပြူးကလေးများနှင့်ဆုံသည်...
"အဟမ်း"
အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီး ဘေးသို့သာမျက်နှာလွှဲထားလိုက်သည်...
သူသိတာပေါ့ ဒီကလေးဘာတွေအံ့သြနေလဲဆိုတာ...
မနက်ကသူတို့အိမ်ဧည့်ခန်းထဲအဝင် မှန်ကာထားတဲ့ တစ်ဖက်က ထမင်းစားပွဲပေါ်မှာ မြင်လိုက်ရတဲ့ နွားနို့နဲ့ကွတ်ကီးတွေကို အမှတ်ရနေမိတာကိုပဲအပြစ်တင်ရမလား...အိမ်ထဲဝင်ဝင်ချင်းမှာ စူးစမ်းသလိုလိုက်ကြည့်မိတာကိုပဲအပြစ်တင်ရမလား...ဘာပဲဖြစ်ဖြစ် နှစ်ခုလုံးကကိုယ့်အပြစ်မို့...ကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်ပါတယ်...
.
.
.
.
မနက်စာစားပြီး ကိုကိုခေါ်လာတဲ့နေရာက
ပန်းချီပြခန်း...
နရံထက်မှာ ချိတ်ဆွဲထားတဲ့ပန်းချီကားတွေရဲ့ လက်ရာမြောက်မှုက ပန်းချီဆရာ ဘယ်လာက်တော်ကြောင်းပြနေသည်...
ပန်းချီကားတစ်ချပ်ချင်းဆီကို အသေအချာလိုက်ကြည့်နေတဲ့ကိုကို...နဲ့
ပန်းချီသာဆွဲတာ ပန်းချီအကြောင်းဘာမှနားမလည်တဲ့ ရိပေါ်...
"ကိုကိုကပန်းချီကားတွေအကြောင်း နားလည်တာလား?"
အနားရောက်လာပြီးမေးတဲ့ရိပေါ်ကို ခေါင်းသာငြိမ့်ပြလိုက်သည်...
ရှောင်းကျန့် ကငယ်ငယ်ကတည်းကပန်းချီဝါသနာ ပါပြီးပန်းချီသင်တန်းလည်းတက်ထားသည်...ပန်းချီပညာရှင်ဖြစ်ဖို့တော့ရည်မှန်းချက်မရှိ...ဝါသနာအရသာဆွဲတာ...
ဒီပန်းချီပြခန်းကိုလည်းခဏခဏ ရောက်ဖူးသည် ခုနောက်ပိုင်းသာမလာဖြစ်တာ...
"ဒီပန်းချီကားရဲ့အဓိပ္ပာယ်ကဘာလဲဟင် ကိုကို"
"ဘယ်လိုထင်လဲ"
ရှောင်းကျန့် ကပြန်မေးတော့ ရှောင်းကျန့် ရှေ့က တောင်ချိုင့်ကြီးရဲ့ဘေးနာမှာရှိတဲ့ စိမ်းလန်းတဲ့မြက်ခင်းပြင်...အုပ်အုပ်မှိုင်းမှိုင်းသစ်ပင်တွေနဲ့ အိမ်တစ်လုံးပုံ ပန်းချီကားကို ရိပေါ် စဥ်းစားသလိုလေးကြည့်ရင်း...
ESTÁS LEYENDO
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*8*'First date with.....'
Comenzar desde el principio
