~~~~~~~~~Hurt~~~~~~~~~
ရှောင်းကျန့် ပြန်ရောက်လာတော့ ရိပေါ် ကိုမတွေ့တာမို့ စိတ်ပူသွားသည်...
လိုက်ရှာနေတုန်းဖုန်းလာတာမို့ ကြည့်လိုက်တော့ {ရိပေါ် } တဲ့...
ချင်ချင်းကိုင်လိုက်ပြီး...
"ရိပေါ် မင်းခုဘယ်မှာလဲ"
[................]
စိတ်ပူပြီးမေးလိုက်ပေမယ့်တစ်ဖက်ကထွက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့စကားကြောင့် ကားကိုအရှိန်နှင့်အကြမ်းပတမ်းမောင်းလာခဲ့သည်...ဦးတည်ချက်ကတော့ ဆေးရုံဆီသို့...
.
.
.
.
.
.
.
ဆေးရုံ Reception င်မှာ အခန်းနံပါတ်မေးပြီး အခန်းထဲဝင်လာလိုက်တော့ ကုတင်ပေါ်မှာထိုင်နေတဲ့ ရိပေါ်....
"ကိုကို?"
"ရိပေါ် သတိလစ်သွားလို့ဆို ဘယ်လိုဖြစ်တာလဲ"
"ဒီတိုင်း နေနည်းနည်းမကောင်းလို့"
စကားဆုံးတာနဲ့ နှဖူးပေါ်ရောက်လာတဲ့လက်တစ်ဖက်...
"ကိုယ်လည်းမပူပါဘူး အခုရောခေါင်းမူးနေသေးလား"
"ဟင်အင်း လုံးဝမမူးဘူး"
"ကိုယ်ဆရာဝန်နဲ့စကားပြောကြည့်လိုက်မယ်"
"ထားလိုက်ပါတော့ ဆန်းတာမှမဟုတ်တာ"
ထွက်သွားတော့မယ့်သူ့ရဲ့လက်ကို ဆွဲလိုက်ပြီး ငြူစူစူလေးပြောလာသည်...
"ခေါင်းမူးတယ်ဆိုတာ ဘာမှမဆန်းတာမှန်ပေမယ့် ခုလိုအကောင်းတိုင်းကနေထဖြစ်တာကတော့ စိုးရိမ်ရတယ်လေ မတော်လို့မနေ့ကကိစ္စကြောင့် ခေါင်းအထဲမှာတစ်ခုခုဖြစ်သွားတာဆိုရင်ဘယ်လိုလုပ်မလဲ"
"မဟုတ်လောက်ပါဘူး ဒီအတိုင်းနေအရမ်းပြင်းလို့ဖြစ်တာပါ"
"ဒါပေမယ့်..."
ရှောင်းကျန့် ပါးထက်ကပူနွေးမှုကြောင့်စကားများရပ်တန့်ကုန်သည်...
သူ့ကိုစိတ်ပူပြီး စကားတွေဆက်တိုက်ပြောနေတဲ့ ကိုကို့က ချစ်ဖို့အရမ်းကောင်းနေတာမို့ ပါးကိုလှမ်းနမ်းလိုက်တော့...စကားဆက်မပြောဘဲကြောင်ကြည့်နေသည်...
"ဟီး ကိုကို့ကို အရမ်းချစ်တာပဲ"
ထို့နောက်တော့အခန်းထဲတွင်တိတ်ဆိတ်စွာ...တစ်ချက်တစ်ချက် ကလေးရီသံလေးတော့ကြားရသည်...သေချာနားထောင်ရင်တော့ ပုံမှန်ထက်ပိုကျယ်လောင်တဲ့ရင်ခုန်သံကိုလည်းကြားရနိုင်ပါတယ်...
ESTÁS LEYENDO
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*8*'First date with.....'
Comenzar desde el principio
