~Hurt~*8*'First date with.....'

Mulai dari awal
                                        

"ကိုကို မကောင်းဘူးဗျာ"

"ဘာဖြစ်လို့လဲ နိုင်ခဲ့တာပဲမဟုတ်ဘူးလား"

"အဲ့ဒါပြောတာမဟုတ်ဘူး ပန်းချီဆွဲတတ်တာကိုဖုံးကွယ် ထားတာကိုပြောတာ"

"ဖုံးကွယ်ထားတာမဟုတ်ပါဘူး"

"ဒါဆိုဘာလို့မပြောပြထားတာလဲ"

"မင်းမှမမေးတာ"

"ဒါပေမယ့်လည်း ပြောပြထားသင့်တယ်လေ"

"ငါကအမေးမရှိရင်အဖြေမပေးတတ်ဘူး"

"တော်ပြီ တော်ပြီ မပြောတော့ဘူး"

စိတ်မရှည်တဲ့အသံလေးနဲ့ ဟိုဘက်လှည့်သွားတဲ့ကောင်လေး...
ကားလေးထဲမှာတော့ရှောင်းကျန့်ရယ်သံတွေကပျံ့လွင့်လို့နေတယ်...
တဆိတ်...ဒီကောင်လေးဆိုးလာသလားလို့...
~
~
~
နေ့လယ်စာစားပြီး ပိုက်ဆံရှင်းနေတုန်းဆိုင်ထဲကပြေးထွက်သွားသောကောင်လေးကြောင့် ပြန်အမ်းငွေတောင် မယူနိုင် အနောက်ကလိုက်ရပြန်သည်...

"အာ့ ဘာလုပ်တာလဲ"

လက်လှမ်းဆွဲလိုက်ပြီးမေးတော့...တစ်နေရာကိုလက်ညိုးထိုပြပြီး...

"ကစားကွင်းသွားဖို့လေ"

ခုနကဆိုင်ထဲမှာကတည်းက အရှေ့ကကစားကွင်းကိုလှမ်းမြင်လိုက်သည်...
ရိုးရိုးပြောရင်ကိုကိုလက်မခံမှာသိတာမို့ ကစားကွင်းရှေ့ထိပြေးလာပြီးမှ ပြောတာ

"ကလေးမဟုတ်သူငယ်မဟုတ်"

ရှောင်းကျန့်ပြောသာပြောနေတာ လူကတော့ရိပေါ် ဆွဲခေါ်လာသော ကစားကွင်းထဲရောက်နေပြီ...

ချစ်သူနဲ့ ကစားကွင်းမှာလာ date တယ်သာပြောတာ ကစားနေတာရိပေါ်တစ်ယောက်တည်း...

"ဟောဟဲ ကိုကို ရေသောက်ချင်တယ်"

ကစားကွင်းဘေးကပန်းခြံလေးမှာ ထိုင်ကြည့်နေတဲ့ရှောင်းကျန့်ဆီပြေးလာပြီးပြောတာမို့...ရှောင်းကျန့်မတ်တပ်ရပ်လိုက်ပြီး...

"အရမ်းဆော့တာကို... ဖြစ်မှာပေါ့ ငါရေသွားဝယ်လိုက်ဦးမယ် ဒီမှာထိုင်စောင့်နေ"

တကယ်တော့ ရိပေါ် ရေသောက်ချင်လို့မဟုတ်...သူ့အခြေအနေသူသိနေတာမို့ သက်သက်ပထုတ်လိုက်ခြင်း...
ထို့နောက် နှာခေါင်းမှကျလာသောသွေးများကိုလက်နှင့်ပိတ်၍ ထိုင်ရာမှထလိုက်တော့...ခေါင်းကမိုက်ခနဲ
ဘာဖြစ်တာပါလိမ့်?
အားယူပြီးလမ်းဆက်လျှောက်လာလိုက်သည်...သန့်စင်ခန်းသွားရမည်လေ
သို့ပေမယ့် မဖြစ်တော့ ခေါင်းမူးရုံသာမက အမြင်အာရုံတွေပါဝေဝါးလာသည်...
တစ်နေရာရောက်လူကမထိန်းနိုင်တော့ပဲ လဲကျခြင်းနဲ့အတူ အရာအားလုံးကအမှောင်အတိ...

~Hurt~(Completed)Tempat cerita menjadi hidup. Temukan sekarang