~Hurt~*8*'First date with.....'

Start from the beginning
                                        

စင်ပေါ်ကိုတစ်ချက်ကြည့်ပြီး ဒီဘက်ပြန်လှည့်ကာ ခပ်တိုးတိုးနဲ့ ပြောနေတာ မကြားရတာမို့ ရိပေါ် မျက်နှာနားကိုငုံ့ပြီးနားထောင်ကြည့်လိုက်သည်...

"နိုင်ချင်တယ်"

"ဟမ်"

ဒါကတစ်နည်းအားဖြင့်ဆိုရင် သူနဲ့နာရီဆင်တူဝတ်ချင်တယ် ညစာအတူစားချင်တယ် လို့ပြောတာပေါ့...
ညစာအတူစားတာလောက်ကသူစီစဉ်ပေးနိုင်ပေမယ့်...နာရီဆင်တူဝတ်ဖို့ကတော့သူမဝယ်နိုင်...သူကအဲ့လောက်မချမ်းသာဘူးလေ...
ဆုံးဖြတ်ချက်ချလိုက်ပြီး ခုနကဦးလေးကြီးနားကိုလျှောက်လာခဲ့လိုက်တယ်...

"ဦးလေး ဝင်ပြိုင်လို့ရသေးလား"

"အော...ပွဲကစနေပြီကွဲ့ ငါးမိနစ်တောင်စွန်းနေပြီ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသေးရင်တော့ ဝင်ပြိုင်လို့ရပါတယ်"

"ဟုတ် ပြိုင်ပါမယ်"

"ကိုကိုက ဆွဲတတ်လို့လား"

သူတို့စီစဉ်ပေးတဲ့ နေရာမှာဝင်ထိုင်လိုက်တော့ ဘေးကထွက်လာတဲ့အသံ...
သူမဆွဲလို့ ဘယ်သူဆွဲမှာလဲ
ဒီကောင်လေးလား!!
သူ့လက်ရာနဲ့လေ...
ရှောင်းကျန့် ခပ်ဟဟရယ်လိုက်ပြီး

"ငြိမ်ငြိမ်သာသွားထိုင်နေ"

"နည်းနည်းလေးတော့ပြုံးဦးလေ"

သူပြောလိုက်လို့ ထိုင်ခုံမှာရုပ်တည်ကြီးနဲ့သွားထိုင်နေတဲ့ကောင်လေးကို လှမ်းပြောလိုက်သည်...

မဟူရာရောင်မျက်လုံး...ဖြောင့်တန်းပြီး ထင်းနေတဲ့မျက်ခုံး...နှာတံပေါ်ပြီး ချွန်ချွန်လေးဖြစ်နေတဲ့နှာခေါင်း...အရောင်တွေမဆိုးထားလည်း စတော်ဘယ်ရီ ရောင်သန်းနေတဲ့ အဖြူထည်နှုတ်ခမ်းလေး...
နို့နှစ်ရောင် အသားအရေ နှင့်အတူ ကမ္ဘာပေါ်ကအလှဆုံး ဆိုတာတွေပဲစုနေတဲ့ အရှေ့ကအဖြူထည်လူသားလေး...
ထို့နောက်တွင်တော့ ဖြစ်ပေါ်လာသောပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်...

~~~~~~~~~Hurt~~~~~~~~~~

ကားပေါ် ရောက်တဲ့အထိ ဘေးကကောင်လေးကစူပုတ်ပုတ်လေး...စိတ်ကောက်နေတုန်းထင်တယ်...
မသိချင်ယောင်ဆောင်ပြီးကားဆက်မောင်းနေတော့ အသံလေးကအလိုမကျစွာထွက်ပေါ်လာသည်...

~Hurt~(Completed)Where stories live. Discover now