"ကိုကိုကပန်းချီကားတွေအကြောင်း နားလည်တာလား?"
အနားရောက်လာပြီးမေးတဲ့ရိပေါ်ကို ခေါင်းသာငြိမ့်ပြလိုက်သည်...
ရှောင်းကျန့် ကငယ်ငယ်ကတည်းကပန်းချီဝါသနာ ပါပြီးပန်းချီသင်တန်းလည်းတက်ထားသည်...ပန်းချီပညာရှင်ဖြစ်ဖို့တော့ရည်မှန်းချက်မရှိ...ဝါသနာအရသာဆွဲတာ...
ဒီပန်းချီပြခန်းကိုလည်းခဏခဏ ရောက်ဖူးသည် ခုနောက်ပိုင်းသာမလာဖြစ်တာ...
"ဒီပန်းချီကားရဲ့အဓိပ္ပာယ်ကဘာလဲဟင် ကိုကို"
"ဘယ်လိုထင်လဲ"
ရှောင်းကျန့် ကပြန်မေးတော့ ရှောင်းကျန့် ရှေ့က တောင်ချိုင့်ကြီးရဲ့ဘေးနာမှာရှိတဲ့ စိမ်းလန်းတဲ့မြက်ခင်းပြင်...အုပ်အုပ်မှိုင်းမှိုင်းသစ်ပင်တွေနဲ့ အိမ်တစ်လုံးပုံ ပန်းချီကားကို ရိပေါ် စဉ်းစားသလိုလေးကြည့်ရင်း...
"အေးချမ်းတယ် အထီးကျန်နေပုံလည်းပေါ်တယ်"
ရိပေါ် စကားဆုံးတော့ ရှောင်းကျန့် ကခေါင်းငြိမ့်ပြသည်...
"ဒါပေမယ့် အေးချမ်းတာရယ် အထီးကျန်တာရယ် ပန်းချီကားနာမည်ရယ်က ဘယ်လိုဆက်စပ်နေတာလဲဟင်"
ပန်းချီကားအောက်က Name နေရာမှာ ရေးထားတဲ့ AWAY ဆိုတဲ့စကားလုံးလေးကိုခပ်ဖွဖွထိကာ ထပ်မေးလာတာမို့...
"အင်းးးအဓိပ္ပာယ်ကတော့ရိုးရှင်းပါတယ် လူတွေရဲ့အဝေးမှာနေတာက အေးချမ်းတယ် ဒါပေမယ့် အထီးတော့ကျန်တယ်ဆိုတဲ့သဘော"
ရှောင်းကျန့် စကားအဆုံး ရိပေါ် ပန်းချီကားကို လက်လေးနဲ့ခပ်ဖွဖွလေးပွတ်မိသည်...
*အေးချမ်းတဲ့နေရာ? ငါကရော အဲ့လိုနေရာမျိုးကိုရောက်မှာလား?*
~~~~~~~~~~Hurt~~~~~~~~~~
"အဟမ်းဟမ်း အားလုံးပဲမဂ်လာပါဗျ ဒီနေ့က ဒီပန်းချီပြပွဲ ကျင်းပတာဆယ်နှစ်ပြည့်နေ့လေးပါဗျ ပြောရရင် ဆယ်စုနှစ်ကာလတစ်ခုကို ကျော်လွန်ခဲ့ပြီပေါ့ဗျာ အဲ့ဒါကြောင့် ခုလာရောက်တဲ့ဧည့်သည်တွေအတွက် အထူးအစီအစဉ်လေးပြင်ဆင်ထားပါတယ်"
"Woo nice!"
"Cool"
ဆူညံသံများက တစ်စတစ်စတိုးလာကာ လူတွေက ခုနကပြောနေတဲ့လူရဲ့ ရှေ့မှောက်ကိုသွားနေကြတာမို့ သူတို့လည်းလိုက်ကြည့်မိသည်...
BINABASA MO ANG
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*8*'First date with.....'
Magsimula sa umpisa
