~Hurt~*8*'First date with.....'

Start from the beginning
                                        

"အာ့ ဘာလုပ်တာလဲ"

လက်လှမ်းဆွဲလိုက်ပြီးမေးတော့...တစ်နေရာကိုလက်ညိုးထိုပြပြီး...

"ကစားကွင်းသွားဖို့လေ"

ခုနကဆိုင်ထဲမှာကတည်းက အရှေ့ကကစားကွင်းကိုလှမ်းမြင်လိုက်သည်...
ရိုးရိုးပြောရင်ကိုကိုလက်မခံမှာသိတာမို့ ကစားကွင်းရှေ့ထိပြေးလာပြီးမှ ပြောတာ

"ကလေးမဟုတ်သူငယ်မဟုတ်"

ရှောင်းကျန့်ပြောသာပြောနေတာ လူကတော့ရိပေါ် ဆွဲခေါ်လာသော ကစားကွင်းထဲရောက်နေပြီ...

ချစ်သူနဲ့ ကစားကွင်းမှာလာ date တယ်သာပြောတာ ကစားနေတာရိပေါ်တစ်ယောက်တည်း...

"ဟောဟဲ ကိုကို ရေသောက်ချင်တယ်"

ကစားကွင်းဘေးကပန်းခြံလေးမှာ ထိုင်ကြည့်နေတဲ့ရှောင်းကျန့်ဆီပြေးလာပြီးပြောတာမို့...ရှောင်းကျန့်မတ်တပ်ရပ်လိုက်ပြီး...

"အရမ်းဆော့တာကို... ဖြစ်မှာပေါ့ ငါရေသွားဝယ်လိုက်ဦးမယ် ဒီမှာထိုင်စောင့်နေ"

တကယ်တော့ ရိပေါ် ရေသောက်ချင်လို့မဟုတ်...သူ့အခြေအနေသူသိနေတာမို့ သက်သက်ပထုတ်လိုက်ခြင်း...
ထို့နောက် နှာခေါင်းမှကျလာသောသွေးများကိုလက်နှင့်ပိတ်၍ ထိုင်ရာမှထလိုက်တော့...ခေါင်းကမိုက်ခနဲ
ဘာဖြစ်တာပါလိမ့်?
အားယူပြီးလမ်းဆက်လျှောက်လာလိုက်သည်...သန့်စင်ခန်းသွားရမည်လေ
သို့ပေမယ့် မဖြစ်တော့ ခေါင်းမူးရုံသာမက အမြင်အာရုံတွေပါဝေဝါးလာသည်...
တစ်နေရာရောက်လူကမထိန်းနိုင်တော့ပဲ လဲကျခြင်းနဲ့အတူ အရာအားလုံးကအမှောင်အတိ...

~~~~~~~~~Hurt~~~~~~~~~

ရှောင်းကျန့် ပြန်ရောက်လာတော့ ရိပေါ် ကိုမတွေ့တာမို့ စိတ်ပူသွားသည်...
လိုက်ရှာနေတုန်းဖုန်းလာတာမို့ ကြည့်လိုက်တော့ {ရိပေါ် } တဲ့...

ချင်ချင်းကိုင်လိုက်ပြီး...

"ရိပေါ် မင်းခုဘယ်မှာလဲ"

[................]

စိတ်ပူပြီးမေးလိုက်ပေမယ့်တစ်ဖက်ကထွက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့စကားကြောင့် ကားကိုအရှိန်နှင့်အကြမ်းပတမ်းမောင်းလာခဲ့သည်...ဦးတည်ချက်ကတော့ ဆေးရုံဆီသို့...
.
.
.
.
.
.
.
ဆေးရုံ Reception မှာ အခန်းနံပါတ်မေးပြီး အခန်းထဲဝင်လာလိုက်တော့ ကုတင်ပေါ်မှာထိုင်နေတဲ့ ရိပေါ်....

"ကိုကို?"

"ရိပေါ် သတိလစ်သွားလို့ဆို ဘယ်လိုဖြစ်တာလဲ"

"ဒီတိုင်း နေနည်းနည်းမကောင်းလို့"

စကားဆုံးတာနဲ့ နှဖူးပေါ်ရောက်လာတဲ့လက်တစ်ဖက်...

"ကိုယ်လည်းမပူပါဘူး အခုရောခေါင်းမူးနေသေးလား"

"ဟင်အင်း လုံးဝမမူးဘူး"

"ကိုယ်ဆရာဝန်နဲ့စကားပြောကြည့်လိုက်မယ်"

"ထားလိုက်ပါတော့ ဆန်းတာမှမဟုတ်တာ"

ထွက်သွားတော့မယ့်သူ့ရဲ့လက်ကို ဆွဲလိုက်ပြီး ငြူစူစူလေးပြောလာသည်...

"ခေါင်းမူးတယ်ဆိုတာ ဘာမှမဆန်းတာမှန်ပေမယ့် ခုလိုအကောင်းတိုင်းကနေထဖြစ်တာကတော့ စိုးရိမ်ရတယ်လေ မတော်လို့မနေ့ကကိစ္စကြောင့် ခေါင်းအထဲမှာတစ်ခုခုဖြစ်သွားတာဆိုရင်ဘယ်လိုလုပ်မလဲ"

"မဟုတ်လောက်ပါဘူး ဒီအတိုင်းနေအရမ်းပြင်းလို့ဖြစ်တာပါ"

"ဒါပေမယ့်..."

ရှောင်းကျန့် ပါးထက်ကပူနွေးမှုကြောင့်စကားများရပ်တန့်ကုန်သည်...

သူ့ကိုစိတ်ပူပြီး စကားတွေဆက်တိုက်ပြောနေတဲ့ ကိုကို့က ချစ်ဖို့အရမ်းကောင်းနေတာမို့ ပါးကိုလှမ်းနမ်းလိုက်တော့...စကားဆက်မပြောဘဲကြောင်ကြည့်နေသည်...

"ဟီး ကိုကို့ကို အရမ်းချစ်တာပဲ"

ထို့နောက်တော့အခန်းထဲတွင်တိတ်ဆိတ်စွာ...တစ်ချက်တစ်ချက် ကလေးရီသံလေးတော့ကြားရသည်...သေချာနားထောင်ရင်တော့ ပုံမှန်ထက်ပိုကျယ်လောင်တဲ့ရင်ခုန်သံကိုလည်းကြားရနိုင်ပါတယ်...

"ဟိုလေ..."

"အော် အမ"

တံခါးပေါက်နားကမိန်းကလေးအသံကြားတာကြောင့် ရိပေါ် ကရှောင်းကျန့်ကို ကျော်ကြည့်ပြီးနှုတ်ဆက်လိုက်သည်မို့...
ရှောင်းကျန့်အနောက်လှည့်ကြည့်လိုက်တော့...ရေဗူးလေးကိုင်ပြီးတံခါးနားမှာမတ်တပ်ရပ်နေတဲ့ကောင်မလေးတစ်ယောက်...
ရှောင်းကျန့်အံ့သြသွားပြီး ပါးစပ်ကထွက်သွားတဲ့ နာမည်တစ်ခုက...

"ရီဖေး?"

......................TBC................

Update ကြာသွားရင် သွေ့ပုချိ!!😔
ရှည်သွားလို့ စိတ်မဆိုးပါနဲ့ နောက်အပိုင်းတွေကျရင် အရင်အတိုင်းရေးပေးပါမယ် 😊
Ro ပေးဖို့စဥ်းစားထားပေမယ့်လည်း ခုလက်ရှိ fic တစ်ခုဖတ်ပြီး အရမ်းတွေ D ဝင်နေလို့ပါ😪
မ Ro ရင်ထပ်ပြီး သွေ့ပုချိပါလို့ 😣

~Hurt~(Completed)Where stories live. Discover now