သူတို့စီစဥ်ပေးတဲ့ နေရာမှာဝင်ထိုင်လိုက်တော့ ဘေးကထွက်လာတဲ့အသံ...
သူမဆွဲလို့ ဘယ်သူဆွဲမှာလဲ
ဒီကောင်လေးလား!!
သူ့လက်ရာနဲ့လေ...
ရှောင်းကျန့် ခပ်ဟဟရယ်လိုက်ပြီး
"ငြိမ်ငြိမ်သာသွားထိုင်နေ"
"နည်းနည်းလေးတော့ပြုံးဦးလေ"
သူပြောလိုက်လို့ ထိုင်ခုံမှာရုပ်တည်ကြီးနဲ့သွားထိုင်နေတဲ့ကောင်လေးကို လှမ်းပြောလိုက်သည်...
မဟူရာရောင်မျက်လုံး...ဖြောင့်တန်းပြီး ထင်းနေတဲ့မျက်ခုံး...နှာတံပေါ်ပြီး ချွန်ချွန်လေးဖြစ်နေတဲ့နှာခေါင်း...အရောင်တွေမဆိုးထားလည်း စတော်ဘယ်ရီ ရောင်သန်းနေတဲ့ အဖြူထည်နှုတ်ခမ်းလေး...
နို့နှစ်ရောင် အသားအရေ နှင့်အတူ ကမ္ဘာပေါ်ကအလှဆုံး ဆိုတာတွေပဲစုနေတဲ့ အရှေ့ကအဖြူထည်လူသားလေး...
ထို့နောက်တွင်တော့ ဖြစ်ပေါ်လာသောပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်...
~~~~~~~~~Hurt~~~~~~~~~~
ကားပေါ် ရောက်တဲ့အထိ ဘေးကကောင်လေးကစူပုတ်ပုတ်လေး...စိတ်ကောက်နေတုန်းထင်တယ်...
မသိချင်ယောင်ဆောင်ပြီးကားဆက်မောင်းနေတော့ အသံလေးကအလိုမကျစွာထွက်ပေါ်လာသည်...
"ကိုကို မကောင်းဘူးဗျာ"
"ဘာဖြစ်လို့လဲ နိုင်ခဲ့တာပဲမဟုတ်ဘူးလား"
"အဲ့ဒါပြောတာမဟုတ်ဘူး ပန်းချီဆွဲတတ်တာကိုဖုံးကွယ် ထားတာကိုပြောတာ"
"ဖုံးကွယ်ထားတာမဟုတ်ပါဘူး"
"ဒါဆိုဘာလို့မပြောပြထားတာလဲ"
"မင်းမှမမေးတာ"
"ဒါပေမယ့်လည်း ပြောပြထားသင့်တယ်လေ"
"ငါကအမေးမရှိရင်အဖြေမပေးတတ်ဘူး"
"တော်ပြီ တော်ပြီ မပြောတော့ဘူး"
စိတ်မရှည်တဲ့အသံလေးနဲ့ ဟိုဘက်လှည့်သွားတဲ့ကောင်လေး...
ကားလေးထဲမှာတော့ရှောင်းကျန့်ရယ်သံတွေကပျံ့လွင့်လို့နေတယ်...
တဆိတ်...ဒီကောင်လေးဆိုးလာသလားလို့...
~
~
~
နေ့လယ်စာစားပြီး ပိုက်ဆံရှင်းနေတုန်းဆိုင်ထဲကပြေးထွက်သွားသောကောင်လေးကြောင့် ပြန်အမ်းငွေတောင် မယူနိုင် အနောက်ကလိုက်ရပြန်သည်...
YOU ARE READING
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*8*'First date with.....'
Start from the beginning
