ဖြောင်း ဖြောင်း ဖြောင်း 👏👏👏
စကားဆုံးတော့ လူတွေကတရိပ်ရိပ်တက်လာတာ ပွဲတော်ကဲ့သို့ပင်...
ခုနကကတော့ ပန်းချီပြခန်းကျယ်ကျယ်မှာ အနှံ့အပြားရှိနေလို့ မသိသာပေမယ့် ခုလို တစ်နေရာထဲမှာစုပြုံလာတဲ့အခါမှာတော့ လူတွေကနည်းနည်းနှောနှောမဟုတ်...
အပြင်ထွက်ဖို့ခြေလှမ်းလိုက်ပေမယ့် လက်ကိုလာကိုင်တဲ့အထိအတွေ့ကြောင့် ဘေးကိုငဲ့ကြည့်မိတော့ သူ့ကိုမော့ကြည့်နေတဲ့ကလေးငယ်...
မျက်လုံးများကိုလှန်ကြည့်နေပြီး နှုတ်ခမ်းလေးကိုလည်းခပ်ဖွဖွကိုက်ထားသေးသည်...
အဲ့ဒါဘာအဓိပ္ပာယ်လဲ?
စဥ်းစားခန်းဖွင့်နေတဲ့ရှောင်းကျန့်တစ်ယောက် ကလေးငယ် ရဲ့စင်ပေါ်ကိုမျက်စပစ်ပြမှုအဆုံး နားလည်သွားသည်...
လက်ကလေးကိုတင်းတင်းဆွဲလို့ လူကြားထဲကနေတိုးဝှေ့ထွက်လာခဲ့ပြီး ထောင့်တစ်နေရာရောက်မှ...
"ပန်းချီဆွဲချင်လို့လား?"
ရိပေါ် ခေါင်းကိုခပ်ဆတ်ဆတ်ငြိမ့်ပါသည်...
"အမြဲတမ်းလည်းဆွဲနေတာပဲလေ.... အိမ်ရောက်မှဆွဲ"
"ဒါပေမယ့်..."
စင်ပေါ်ကိုတစ်ချက်ကြည့်ပြီး ဒီဘက်ပြန်လှည့်ကာ ခပ်တိုးတိုးနဲ့ ပြောနေတာ မကြားရတာမို့ ရိပေါ် မျက်နှာနားကိုငုံ့ပြီးနားထောင်ကြည့်လိုက်သည်...
"နိုင်ချင်တယ်"
"ဟမ်"
ဒါကတစ်နည်းအားဖြင့်ဆိုရင် သူနဲ့နာရီဆင်တူဝတ်ချင်တယ် ညစာအတူစားချင်တယ် လို့ပြောတာပေါ့...
ညစာအတူစားတာလောက်ကသူစီစဥ်ပေးနိုင်ပေမယ့်...နာရီဆင်တူဝတ်ဖို့ကတော့သူမဝယ်နိုင်...သူကအဲ့လောက်မချမ်းသာဘူးလေ...
ဆုံးဖြတ်ချက်ချလိုက်ပြီး ခုနကဦးလေးကြီးနားကိုလျှောက်လာခဲ့လိုက်တယ်...
"ဦးလေး ဝင်ပြိုင်လို့ရသေးလား"
"အော...ပွဲကစနေပြီကွဲ့ ငါးမိနစ်တောင်စွန်းနေပြီ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသေးရင်တော့ ဝင်ပြိုင်လို့ရပါတယ်"
"ဟုတ် ပြိုင်ပါမယ်"
"ကိုကိုက ဆွဲတတ်လို့လား"
ESTÁS LEYENDO
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*8*'First date with.....'
Comenzar desde el principio
