အခန်း-၁၃

6.3K 984 44
                                    

အခန်း-၁၃

ဇာတ်သိမ်း

သူ့မှာသာ ရွေးချယ်ခွင့်ရှိရင် သူထွက်သွားမှာမဟုတ်ပါဘူး ဒါပေမယ့် သူ့ဘ၀မှာ ရွေးချယ်ခွင့် တွေမရှိတော့တာ ကြာပြီမဟုတ်လား...

ထုန်ထုန် ပြန်ပေးဆွဲခံရမှာကို system က ကြိုပြော၍ လီကို လစ်ထွက်လာခဲ့ခြင်းဖြစ်သည်... ဘားတန်းက နံပတ်အရ ဒီတခါကယ်ပေးပြီးရင် သူ ဒီကမ္ဘာကထွက်သွားရတော့မည် ထင်သည်...

ရန်ချန်းခုန်းကို သူမခွဲချင်ပေမယ့် သူ့တာဝန်တွေသူပြီးအောင်လုပ်ပြီး နဂို ကမ္ဘာကိုပြန်တာကမှ နည်းလမ်းအမှန်ဆိုတာ သူနားလည်သည်.. ထို့ကြောင့် ရင်နာနာနှင့်ပင် သူထွက်လာခဲ့ရသည်...

ရန်ထုန်ထုန်ကိုဖမ်းသွားတာ ရန်အိမ်တော်နဲ့ သက်ဆိုင်ရာ ဆွေမျိုးတွေဖြစ်သည်...

ရန်ချန်းခုန်းရဲ့ သွေးအေး ရက်စက်မှုတွေကို သည်းမခံနိုင်ကြတော့၍ဖြစ်၏..

လီကို ဆေးရုံရောက်ချိန်မှာ နောက်ကျသွားပြီဖြစ်သည်...

သတိလစ်နေတဲ့ ရန်ထုန်ထုန်ကို လူဆိုးများက ဝှီးချဲဖြင့် ခေါ်သွားကြခြင်းဖြစ်ကာ.ကားပေါ်တင်လိုက်ချိန်လေး တွင်ပင် လီကို မြင်လိုက်သည်..

ဒီမြင်ကွင်းကြောင့် လီကိုလဲ စောင့်မနေတော့ဘဲ  ဘေးက တက်စီတစီးကို ငှားကာ ချက်ချင်းလိုက်၏..

တက်စီဆရာကလဲ ရောယောင်စိတ်လှုပ်ရှားကာ လီကို့ကို အကျိုးအကြောင်းမေး၏..."ကျွန်တော့ညီမကို လူကုန်ကူးသမားတွေ ဖမ်းသွားလို့ ရဲကိုကူဖုန်းခေါ်ပေးပါဦးဗျာ"

တက်စီဆရာက ခေါင်းညိတ်ကာ ရဲဆီဖုန်းဆက်သည်...

မြို့ပြင်အထိ သူတို့ နောက်ယောင်ခံလိုက်သည်.. လမ်းကချောင်ကျပြီးရင်းကျလာကာ ကားတွေရှင်းသထက်ရှင်းလာသော အခါ ကားဆရာက တုန်လှုပ်လာပြီးမေး၏ "ဆက်လိုက်ဦးမှာလား"

လီကို ခဏတွေးလိုက်ပြီး "နောက် မိနစ် ၂၀လောက်ထိ လိုက်လိုက်မယ်... မရိပ်မိစေနဲ့ဦး"

ကားဆရာက စိတ်ပူစွာ သက်ပြင်းချသည်..

၁၀မိနစ်ခန့် ကြာပြီးနောက် ရှေ့ကကားက လူပြတ်သည့် ဂိုဒေါင်တခုမှာရပ်လိုက်သည်.. လီကိုကားထဲမှထွက်ကာ ကားဆရာကို အရင်ပြန်ဖို့ပြောသည်.. ကားဆရာက ပူပန်စွာဖြင့် သူဘာဆက်လုပ်မှာလဲမေးသည်...

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now