အခန်း-၂၃

5.1K 659 28
                                    

အခန်း (၂၃)

လူတစ်ယောက်ရဲ့ ကံတရားဆိုတာကလည်း အသေးစိတ်လေး တွေကနေ စတင်ပြောင်းလဲလာတာပဲဖြစ်သည်..

ဆာလောင်မှုကြောင့် ရန်ကျစ်ယောင်နိုးလာ၏.. သူမနိုးချိန်မှာ သူမရဲ့သေးငယ်တဲ့ ဝမ်းဗိုက်ကိုထိလိုက်ကာ ဒီနေ့ဘယ်ကနေဘယ်လို စားစရာရှာရပမလဲဟုတွေးလိုက်မိသည်..

ဒါပေမယ့် သူမဘာအကြံမှထုတ်လို့မရသေးခင်မှာပင် မွှေးကြိုင်သည့် ထမင်း ဟင်းနံ့တချို့ကို ရလိုက်သည်..

နွေးထွေးတဲ့ ထိုရနံ့ ကြောင့် သူ့စိတ်ထဲမှာပင် ထို ထမင်းပူပူလေးကို စားလိုက်ရသလို အရသာခံစားမိနေသည်..

သူမ တံတွေးမြိုချလိုက်သည်.. ဒါတွေအကုန်လုံးက သူမစိတ်ကူးယဉ်နေမိတာပဲဖြစ်မှာပါ.. ဒီအစေခံတွေက သူမကို စားစရာ လာပေးမှာမှမဟုတ်တာ...

'မစားရမှတော့ အနံ့ပဲ အ၀ရှုရတော့မှာပေါ့' သူမတွေးလိုက်ကာ ကုတင်ပေါ်ပြန်လှဲလိုက်ပြီး မျက်နှာကြတ်ကို အတွေးမဲ့စွာငေးကြည့်နေမိလေသည်.

"မင်းသမီးလေး" တစုံတယောက်က အခန်းတံခါးကိုတွန်းဖွင့်လာကာ တခါမှ မကြားဖူးသော သိမ်မွေ့သည့်လေသံဖြင့် သူမကိုခေါ်လိုက်သည်.. ထိုလူက "ကျွန်တော်မျိုးမ မင်းသမီးအတွက် ထမင်းဟင်း ချက်ပြုတ်ထားပါတယ်.. သုံးဆောင်ချင်လားမသိဘူး"

ရန်ကျစ်ယောင် အသံမဲ့သွားသည်.. အိမ်မက်များမက်နေတာလား..

ဒါပေမယ့် ထိုအစေခံကအစားအစာများ ယူလာချိန်တွင်တော့ ဒါဟာ အိမ်မက်မဟုတ်မှန်း သူမသိလိုက်သည်..

"မင်းဘာလုပ်တာလဲ" ကုတင်ပေါ်မှ ဆတ်ခနဲထလိုက်ကာ မသင်္ကာစွာ သူမမေးလိုက်သည်.. ဒီမျက်နှာကို သူမမှတ်မိတာပေါ့... သူမရဲ့ တန်ဖိုးအထားဆုံးရတနာကို လုယူသွားတဲ့ အစေခံ...

"မင်းသမီးလေး" ထိုအစေခံက အပြစ်မကင်းတဲ့ မျက်နှာနှင့် ဆိုသည်.. သူမရဲ့ ပြောင်းလဲသွားတဲ့ ပုံစံကို မင်းသမီးကို ဘယ်လိုရှင်းပြရမှန်းမသိသဖြင့် အားနာသည့် အပြုံးသာပြုံးပြနိုင်သည်.. "မင်းသမီးလေး... ဒီ ကျွန် မ မှားပါတယ်.. ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးဖို့ အသနားခံပါရစေ"

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now