အခန်း-၃၈

752 123 10
                                    

အခန်း (၃၈)

သူ့ကိုယ်သူ အလွန်ကံခေသူတစ်ယောက်လို့ လီကိုထင်သည်.. ကြည့်လေ.. အခု အိမ်ကိုပြန်မရတော့တဲ့အပြင် system ကပါ အဖတ်မလုပ်တော့ဘူး..

အဓိကက system အဖတ်မလုပ်တာပဲ..

လီကိုက ပြောသည်.."ထုန်အော်..."

System က မတုံ့ပြန်..

လီကိုက တုန်ယင်စွာပြောသည်.."ထုန်အော်ရယ်.. ငါအရမ်းချမ်းတာပဲ.. ဗိုက်တွေလည်း ဆာတယ်.. ငါသေတော့မလားမသိဘူး"

သူပြောနေတဲ့အချိန်မှာ နေ့အပူချိန်က ၂၃ဒီဂရီရှိပြီး... နေက တောက်တောက်ပပ.. လေနွေးနွေးလေးက လဲ ဖြတ်တိုက်သွားသည်..ပြီးတော့ သူအခုလေးတင် ဝယ်စားထားတဲ့ ပန်ကိတ်က လက်ထဲမှာ ...

လီကိုက "ငါအိမ်ပြန်လို့မဖြစ်တော့ဘူး.. ခုတော့ လေလွင့်ငှက်ငယ်ဖြစ်ပြီ.. အားကိုးရာ ထုန်အော်ကလဲ လူကို လှည့်မကြည့်ဘူး"

ဒီစကားတွေပြောနေချိန်မှာ..system က ဌာနချုပ်က စီစဉ်ပေးထားတဲ့ တရားစာကို ဒေါင်းလုတ်ဆွဲ ပြီး ခေါင်းထဲမှာ repeat နဲ့ ဖွင့်နေမှန်း လီကို မသိပါ.. system က အစတုန်းက ဘာအတွက်ကြောင့် တရားစာတွေ ဌာနချုပ်က စီစဉ်ပေးထားမှန်း နားမလည်ခဲ့ဘူး.. ဒါပေမယ့် အခုတော့ သူ သဘောပေါက်သွားပြီ..သူတို့လို နုနယ်တဲ့ system လေးတွေ ရူးမသွားအောင် ကူညီပေးဖို့ ပေးထားတာ.. (Diamond sutra ကို တရားစာလို့ ဘာသာပြန်လိုက်သည်..)

Host ကို နင်ဆဲလို့မရဘူး.. Host ကို နင်ရိုက်လို့မရဘူး.. ကဲ.. ဒီတော့ တရားစာနားထောင် ပြီး စိတ်လျှော့ဖို့က လွဲရင် တခြား ဘာများတတ်နိုင်ဦးမလဲ..

လီကိုက "ထုန်ထုန်.. ငါ့ကို အဖတ်လုပ်ဦး"

System ရဲ့ အေးစက်စက် စက်သံ က နောက်ဆုံးတော့ပေါ်လာသည်.."ဘာဖြစ်ချင်နေတာလဲ.ပြော."

လီကိုက မေးသည်..'ပြောကြည့် ငါပြန်သွားသင့်လား"

System က "ပြန်မသွားရင် တာဝန်ကို ဘယ်လို ဆက်လုပ်မှာလဲ"

လီကိုက ခုမှသတိရသွားဟန်ဖြင့် "အော် ဟုတ်သားပဲ"

System ပြောစရာစကားများဆွံ့အ သွားရသည်.. "အရင်ပြန်ကြရအောင်.. လာမယ့်ဘေးပြေးတွေ့တာပေါ့"

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now