" အာ.....နေပါစေ ငါလာခဲ့မယ်လေ နေရာကိုသာပြော "

"ဖြစ်ရဲ့လား မင်းဒီရောက်တာမကြာသေးတော့ လမ်းတွေမကျွမ်းကျင်ဘဲဖြစ်နေမယ် မောင်လာခဲ့မယ်လေ "

" GPS ဖွင့်ပြီးလာခဲ့မယ် "

ခြွေ့ဘက်က ငြင်းနေမှတော့လည်း ရိပ်ထင်လည်းမနေသာတော့ပေ။

" ကဲ ဟုတ်ပါပြီ ဒါဆို နောက်တစ်နာရီလောက်ကျရင် (....) နေရာကို လာခဲ့နော် မောင်စောင့်နေမယ် "

"အင်းပါ အင်းပါ "

"ဒါပဲနော် ချစ်တယ် "

ဖုန်းချခါနီး ကြားလိုက်ရသည့် ချစ်စကားက ခြွေ့ပါးမို့မို့တို့ ဖောင်းတက်သွားသည်အထိ ပြုံးရယ်မိလိုက်သလို ရင်ထဲတွင် ရင်ခုန်သံ ငြိမ့်ငြိမ့်လေးစီးဆင်းသွား၏။

" ငါလည်း ချစ်တယ် မှိုင်း "

နှစ်ဦးသားဖုန်းချလိုက်ပြီး ခြွေသည် မျက်နှာချင်းဆိုင်ရှိ ကိုယ်လုံးပေါ်မှန်မှ ထင်ဟပ်နေသည့် မိမိခန္ဓာကိုယ်ကို တစ်ချက်ကြည့်ကာ ရိပ်ထင်နှင့် တွေ့လျှင် လာဝတ်ရမလဲ...ဟူ၍ အဝတ်ဗီဒိုအား ဖွတော့သည်။ ချစ်သူရှေ့ လုံးဝ perfect ဖြစ်ရမည်မဟုတ်လား။




...........................................

"သား ဘယ်သွားမလို့လဲ သားကြည့်ရတာ အခုတလော ပျော်နေပုံပဲနော် "

မှန်ရှေ့တွင် ခန့်ညားသည့် အသွင်နှင့် ဆံပင်ပုံသွင်းနေသည့် သားဖြစ်သူ၏ မျက်နှာကိုအကံခပ်၍ ဒေါ်ဝင့်ဝါထည် မေးလိုက်သည်။

မိခင်ဖြစ်သူ ဝင်လာတာတောင် သိပုံမရသည့် ရိပ်ထင်သည် ဒေါ်ဝင့်ဝါထည် အသံကြားမှ မိခင်အား မြင်၍ ကြည့်မိသည်။ ထို့နောက် ပြုံးစိစိဖြစ်နေသည့် မိမိမျက်နှာပိုးကိုသတ်ကာ......

" ဟို....သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ပါ မေမေ "

"မိန်းကလေးလား "

ထိုစကားကို ဒေါ်ဝင့်ဝါထည်သည် မျက်လုံးလေးဝင့်ကာ မျှော်လင့်တကြီးမေးသည်။ ကြည့်ရတာ သူမ အထင် ရိပ်ထင် ရည်းစားရနေပြီ ထင်ပါ့။

" မဟုတ်ပါဘူး မေမေရဲ့ ယောင်္ကျားလေးပါ "


ထိုအဖြေကို ဒေါ်ဝင့်ဝါထည်သဘောမကျချင်.....ယောင်္ကျားလေးဆိုပေမယ့် အခုခေတ်တွင် သူမ၏ သားပျိုအား လိုချင်နေသည့် မိန်းမ ၊ယောင်္ကျားက မနည်းမှ မနည်းပေ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now