ပန်းခင်းထဲမှ ရုတ်တရက် ထလိုက်ကာ တစ်နေရာရာသို့
သွားရန်ပြင်နေစဥ် leon မှ လက်ကို လှမ်းဆွဲလိုက်ပြီး

"ကဲ ပြောပါဦး! ဘယ်က တခြားတစ်ယောက်ကို ငါက
သွားရှာရမှာတုန်း ဒီလို ရူးချင်စရာကောင်းတဲ့နေရာကြီးမှာ
လူဆိုလို့ ငါနဲ့မင်းနဲ့ နှစ်ယောက်ထဲ ရှိတာကို "

"အဲ့တာကတော့ မင်းကိစွလေ ငါနဲ့ဆိုင်လို့လား "

" ဆိုင်ဆိုင် မဆိုင်ဆိုင်လေ မင်းလုပ်ပေးရမှာက ငါ့ကို
သတ်ပေးဖို့လေးပဲ အဲ့တာက ဘာ​တွေများခက်ခဲနေလို့လဲ
တကယ်လည်း အပြင်မှာ သေ သွားမှာမှမဟုတ်တာ အဲ့တာတွေအပြင်
မင်း ဆိုတာကလည်း ငါဖန်တီးထားတဲ့ ငါ့အိပ်မက်ထဲက စိတ်ကူးယဥ် ဇာတ်ကောင်တစ်ကောင်ပဲ အဲ့တာကြောင့်
မင်း ငါ့ အမိန့်ကို နာခံရမယ် "

" hahahaha !!! မင်းက ဒီနေရာအ​ကြောင်း ဘာမှမသိဘူးပဲ မသိရင်လည်း မသိသလိုပဲ နေလိုက်ပါလား
လူသစ်လေးရဲ့ နောက်ပြီး
ဘာ! ငါကပဲ မင်း အမိန့်ကို နာခံရဦးမယ် ဒီမှာ အဲ့လောက်ထိ
တောင် သေချင်နေရင်လည်း ကိုယ့်ကိုယ်ကိုသာ သတ်သေလိုက် နောက်ပြီး သိထားဖို့က ဒီ​နေရာက အိပ်မက်တစ်ခု လုံးဝမဟုတ်ဘူးကွ သဘောပေါက်လား "

သူ့ကို ဆွဲထားသော leon ၏ လက်များကို ရိုက်ချလိုက်ပြီး
ဟိုဖက်သို့ လှည့်လိုက်စဥ်မှာတင်

"ဟေ့ နေဦး "

Leon ၏ လက်က ဆွဲမိဆွဲရာ အကျိီစကို ဆွဲမိကာ
အောက်က ပန်းပင်တွေနှင့် ခလုတ်တိုက်ပြီး ထိုသူ၏ ခနွာကိုယ်​ပေါ်သို့ ချော်လဲမိတော့သည်

နှုတ်ခမ်းချင်းမှာလည်း ထိလုနီးပါးပင်ဖြစ်၍
အချိန်အတော်ကြာ တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်ကာ ပြောဖို့စကားလုံးများပင်
ဆွံ့အနေကြသည်

ထို့နောက် ထိုသူက သူ့ပေါ် ဖိထားသော leon ၏ ခနွာကိုယ်ကို တွန်းထုတ်လိုက်ပြီး ရှိုးတိုးရှန့်တန့်ဖြင့်
မတ်တပ် ထရပ်လိုက်သည်

" ကောင်းပြီလေ ငါ မင်းကို ကူညီပေးနိုင်လောက်မယ်ထင်ပါတယ် တခြားနည်းလမ်းနဲ့ပေါ့ "

"အာ အိုကေ ဒါနဲ့လေ ဟိုဟာ ငါ့နာမည်က leon ပါ "

" ငါက Jake ပါ !
မင်း အခု ချက်ချင်းထပြီး ငါ့နဲ့ တစ်နေရာ လိုက်ခဲ့ရလိမ့်မယ် "

Drifting Into Silent Darkness S.1 (Completed)Onde histórias criam vida. Descubra agora