နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-25

En başından başla
                                    

"Babe...ဘယ်တွေ ပျောက်နေတာလဲကွာ...ကိုကိုမှာ စိတ်တွေပူလိုက်ရတာ..."

ကောင်းသတင်းက စာအိတ်ကမ်းပေးနေတဲ့ ရောင်ဝါ့ရဲ့ လက်အိအိလေးတွေကို ဆုပ်ကိုင်ထားရင်း စိုးရိမ်သည့် မျက်ဝန်းတစ်စုံဖြင့် မေးနေသော်လည်း ရောင်ဝါ့ရဲ့ မျက်လုံးတို့မှာ ချစ်ခြင်း မုန်းခြင်း အလျင်းမရှိ တည်ငြိမ်နေသော မျက်နှာထားတို့က ကောင်းသတင်းရင်ကို စိုးရိမ်တုန်လှုပ်စေသည်။

ရောင်ဝါက သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ကောင်းသတင်းရဲ့လက်ကို ခါချလိုက်ပြီး...

"ထွက်စာလာတင်တာပါ..."

"ဘာ.....ဘယ်လို.. babe ဘာကိစ္စအလုပ်ထွက်ရမာလဲ ...babeကိုကို့ကို စိတ်ဆိုးနေတာမလား ဟိုတစ်နေ့က ကိုကိုလာစောင့်ပါသေးတယ်ကွာ babeမရှိတော့လို့ပါ ကိုကို့ကို စိတ်မဆိုးပါနဲ့တော့နော်.."

ကောင်းသတင်းက အရူးတစ်ယောက်လိုမျိုး ရောင်ဝါ့ကို ဖက်ပြီး အတင်းတောင်းပန်နေပေမဲ့ ရောင်ဝါက အတင်းရုန်းကန်ပြီး ငြင်းဆန်သည်။

"သား စိတ်ဆိုးနေတာမဟုတ်ဘူး အကို...သား ခင်များကို အစထဲက ရင်မခုန်ခဲ့တာ အဲ့သည်နေ့က သား coffee shopကို မလာခဲ့ဘူး သားတစ်ကယ်ရင်ထဲက ချစ်ခဲ့တာက အခြားတစ်ယောက်ပဲ ခင်များမဟုတ်ဘူးအကို ''

"ဘာ....မင်းတစ်ကယ်ချစ်တဲ့သူ...ဟုတ်လား...ရောင်ဝါ.."

ကောင်းသတင်းရဲ့ နှလုံးသားတို့ အစိတ်စိတ်အမြွာမြွာ ဖြစ်ရချေပြီ မဟုတ်ဘူး ရောင်ဝါ မင်းလိမ်နေတာပါ မင်းလိမ်နေတယ်လို့ပဲ ပြောပါ ရောင်ဝါရယ် မင်းကိုကို့ကို စိတ်ဆိုးလို့ပြောနေတယ်လို့ပဲ ပြောပါ...

"ဟုတ်တယ်...ဦး ဝင်လာခဲ့လေ.."

ရောင်ဝါက တစ်ယောက်ယောက်ကို လှမ်းခေါ်ဟန်ပြုလိုက်တော့ ကောင်းသတင်း ရုံးခန်းအပေါက်ဝနားကို ကြည့်မိလိုက်သည်။

ဝဠာထူး လား........

ရောင်ဝါက ဝဠာထူးရဲ့ လက်မောင်းလေးကိုကိုင်ရင်း

"ဒါကမှ သားတစ်ကယ်ချစ်တဲ့သူပါ..''

ကောင်းသတင်းရဲ့ ဒေါသမီးလျံတို့ ဖုံးလွမ်းနေသော မျက်ဝန်းတစ်စုံက ဝဠာထူး အပေါ် ကျရောက်ချေပြိ...

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Hikayelerin yaşadığı yer. Şimdi keşfedin