နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-25

Start from the beginning
                                    

"မောင်...''

အတွေးလွန်နေတဲ့ ကောင်းသတင်းကို ရှေးရိုးက ပုခုံးလေးကိုင်ပြီး လှုပ်လိုက်တော့..

"ဟင်.....အင်း.. "

"မောင် မပျော်ဘူးလားဟင်..."

"အင်း.....ပျော်တာပေါ့ ရှေးရဲ့...ရှေး မောင်ခဏလောက် အပြင်သွားလို့ရလား ဟို....ရှေးနေမကောင်းဘူးဆိုလို့သာ အပြေးလာရတာ မောင်က အရေးကြီးmeetingရှိနေတာ..."

ရှေးရိုးဖြူက ပြုံးရုံလေး ပြုံးလိုက်ရင်း....

"သွားလေမောင်...ရပါတယ်.."

"အင်း...မကြာပါဘူး ခဏပဲ နော်...ရှေး.."

"ဟုတ်.."

အလျင်စလိုနဲ့ ထွက်သွားတဲ့ မောင့်ပုံစံကို ကြည့်ကထဲက ဘယ်သူနဲ့တွေ့ဖို့သွားတယ် ဆိုတာ သိပြီးသားပါ...သွားတွေ့လိုက်ပါမောင် ဒါက မောင်တို့ရဲ့ နောက်ဆုံးတွေ့ခြင်းလဲ ဖြစ်ချင်ဖြစ်သွားနိုင်တာမို့😌😌...

............

ကောင်းသတင်း coffee shopကို အပြေးအလွှား သွားခဲ့ပေမဲ့ ဆိုင်ထဲမှာ လူအရိပ်အယောင်ကို တောင် မတွေ့ရဘူး....

ကျွန်တော့်ကို စိတ်များဆိုးသွားလေသလား... ဖုန်းဆက်တော့လည်း မကိုင်ပါ အိမ်ကို လိုက်သွားကြည့်တော့လည်း အိမ်ပြန်မရောက်သေး...စိတ်ဆိုးသွားသလားbabeရယ်...ကိုကိုလည်း မသွားမဖြစ်မို့လို့ပါ😔...

................

ဘာလိုလိုနဲ့ ရောင်ဝါနဲ့ကျွန်တော်မတွေ့ရတာ တစ်ပတ်တောင်ပြည့်တော့မည်။ သည်နေ့ရော သူလာပါ့မလား...အိမ်ကိုလိုက်သွားတော့လည်း အိမ်မှာမရှိ ဖုန်းဆက်တော့လည်း စက်ပိတ်ထားသည်တဲ့...ကျွန်တော့်ကို အခုလို အဆက်အသွယ် ဖြတ်ထားတာကို ကျွန်တော် မခံစားနိုင်ပေ...ဘယ်မှာလဲ ကလေးရယ်...ကိုကို့ကို ရှင်းပြခွင့်လေးတောင် မပေးတော့ဘူးလား....

ရုံးခန်းနားရောက်တော့ ခါကူရာက ရောင်ဝါဒီနေ့လည်း မလာဘူးဆိုတဲ့ အကြောင်း အရင်သံတော်ဦးတင်သည်။ ဒီတေ့လည်းမလာဘူးတဲ့လား ကလေးရယ်...ကိုကိုမင်းကို ဘယ်မှာလိုက်ရှာရမလဲ...

ကောင်းသတင်း ရုံးခန်းထဲမှာ ထိုင်လိုက်ပြီး တစ်နေ့တာလုံး မလုပ်ချင်ဆုံး စာရင်းတွေကို လုပ်ရအုန်းမည်။ အလုပ်တွေ အကြောင်းစဉ်းစား နေရင်း စားပွဲပေါ်ကို ချလိုက်တဲ့ စာအိတ်အဝါလေးနဲ့ ရင်းရင်းနှီးနှီး ရေမွှေးနံ့လေး....

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now