"Aki .. Aki ......"

Aki ထွက်​သွားသည်​ကိုသိလိုက်​ရ​သောအခါ Shi သည်​လက်​ထဲမှဓားကိုမြဲမြံ​နေ​အောင်​ဆုပ်​ကိုင်​လိုက်​မိသည်​။ ထို့​နောက်​မတ်​တပ်​ရပ်​လိုက်​၏။ Shi ဆန္ဒမှာ အ​ဆောင်​ပြင်​သို့ထွက်​၍ Aki နှင့်​အတူ​ကြေးစားရဲမက်​တို့အားတိုက်​ရန်​ဖြစ်သည်​။ သူ့မျက်​လုံးများမှာ​ဘာကိုမျှမမြင်​ရ​တော့​သော်​လည်း အနိမ့်​ဆုံး​တော့သူသည်​ တိုက်​ခိုက်​​နေရင်းသာ ​သေသွားချင်​၏။ Aki တစ်​​ယောက်​တည်း ရင်​ဆိုင်​ရမည့်​အစား သူသည်​ Aki နှင့်​အတူရင်​ဆိုင်​ချင်​၏။ Aki က သူ့ကိုကာကွယ်​​ပေးသလို သူကလည်း​နောက်​ဆုံးအချိန်​အထိကာကွယ်​​ပေးချင်​၏။

ထို့​ကြောင့်​ Shi သည်​ သား​တော်​​လေးအား အိပ်​ရာထက်​၌တင်​ကာ သား​တော်​​လေး​​လျောက်​မသွား​စေရန်​အတွက်​ သား​တော်​​လေး၏​ခြေ​ထောက်​တစ်​​ဖက်နှင့်​ စာကြည့်​စားပွဲအား ပဝါရှည်​က​လေးနှင့်​တွဲချည်​လိုက်​သည်​။

က​လေးသည်​ Shi အားမျက်​လုံးအဝိုင်းသားနှင့်​ကြည့် ​​နေ၏။

"မင်းသား​လေး ဒီမှာခဏ​စောင့်​​နေမယ်​ မဟုတ်​လား။"

Shi သည်​ သား​တော်​​လေး၏ နီရဲမို့​မောက်​​သောပါးပြင်​​လေးအား ​မွှေးလိုက်​ပြီး​နောက်​ အ​ဆောင်​တွင်းမှထွက်​ခွာသွား​လေသည်​။

>>>>>>>>>>>>><<<<<<<<<<<<<<

ပြန့်​ကျဲ​နေ​သော ဓားရှည်​များ၊ ပန်းချီဆရာတစ်​ဦးက ​ရေးခြယ်​ထားသလို နီမြန်း​နေသည့်​ ​သွေးစက်​များ၊ အ​သက်​ဝိဥာဉ်​ကင်းမဲ့​နေ​သည့်​အ​လောင်းများသာ ရှိမ​နေပါက ဤနန်းရင်​ပြင်​ကြီးသည်​ အလွန်​ခမ်းနားထည်​ဝါ​နေဦးမည်​ဖြစ်​သည်​။ ယခု​တော့ နန်း​ရင်​ပြင်​​တော်​မှာ သုသာန်​တစပြင်​ကဲ့သို့ ဖြစ်​​နေ၏။

မိုးကားအသံ​ပေး၍ရွာရန်​ပြင်​ဆင်​​နေသည်​။ ​ရောက်​ရှိလာ​သောမြို့​စောင့်​တပ်​များက ပြန့်​ကျဲ​နေသည့်​အ​လောင်းများကို ရှင်း​လင်း​နေကြ၏။

တပ်​မှုးအချို့က မိုးမရွာခင်​ဤ​နေရာကိုအပြီးသတ်
ရှင်းလင်းရန်​အမိန့်​​ပေး​နေသည့်​အသံကို Shi ကြား​နေရသည်​။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now