ကျွန်တော်ချစ်သောကိုကို (extra)

Start from the beginning
                                    

ခရီးသွားမယ့် ကိစ္စကို ငယ့်ကိုတော့ အသိမပေးဖြစ်သေး ကလေးအဖေလေးကို suprise တိုက်ချင်လို့လေ

ဒီတော့ အစအဆုံး ကိုယ်တစ်ယောက်ထဲ တိတ်တိတ်လေး စီစဉ်နေတာ

အခု နာရီကိုကြည့်မိတော့ ည ကိုးနာရီရှိပြီ သေချာတယ် သူ့ကလေး သူ့ကို ထိုင်စောင့်နေလောက်ပြီ

ရိပေါ် လုပ်လက်စ အလုပ်တွေက်ု လက်စသတ်ဖို့ ပြင်လိုက်တော့တယ်

ကိုကိုက အခုတလော အိမ်ပြန်နောက်ကျ နေတယ် မနက်ဆိုလည်း အစောကြီးသွားပြီး ညကျတော့လည်း မိုးချုပ်မှ ပြန်လာတယ်

ကိုကို ဘာတွေလုပ်နေတာလဲဟင် ဟိုတစ်နေ့ကလည်း ကိုကိုပြန်လာတော့ ကိုကို့ကိုယ်ပေါ်က အရက်နံ့တွေရတယ်

တစ်ကယ်ပါ ကိုကိုဘာတွေ လုပ်နေတာလဲဟင်

အရင်လို ငယ့်ကိုလည်း အချိန်မပေးတော့ဘူး သားတွေဘက်လဲ လှည့်မကြည့်ပေးနိုင်လောက်အောင် ဘာတွေများ အလုပ်ရှုပ်နေတာလဲ ကိုကိုရာ

ငယ့်ကို စိတ်ကုန်သွားတော့တာလား အရင်လို ငယ်မဆိုးတော့ဘူးလေ ကိုကိုရယ် ငယ်လိမ္မာနေပြီလေ

ဒါမှမဟုတ် ကိုကိုကျွန်တော့်ကို ငြီးငွေ့သွားပြီလား ကျွန်တော်နဲ့ သားတွေကို မလိုချင်တော့ဘူးလား

ဟင့်အင်း မဟုတ်ဘူးမို့လား ကိုကိုရယ် မဟုတ်ဘူးမို့လား
ဒါတွေက ကျွန်တော့်အတွေး သက်သက်ပဲမို့လားဟင်

အမှန် မဟုတ်ဘူးမို့လား

အရင်လို လာရှင်းပြလှည့်တော့လေ ကိုကိုရယ် ငယ် သံသယတွေနဲ့ ပင်ပန်းလွန်းလှပြီ

'ပါးပါး........... '

ရှောင်းကျန့် ရိရှောင်းလေးရဲ့ အသံကြာင့် မျက်ရည်တွေကို အမြန် သုတ်လိုက်ရတယ်

ဒါကိုပဲ ရိရှောင်းလေးက မြင်ဖြစ်အောင်မြင်ကာ ကျွန်တော့်ဆီ အပြေးလာပြီး ကျွန်တော့်ပေါင်ပေါ်ကနေ မျက်ရည်တွေကို လှမ်းသုတ်ပေးရှာတယ်

ရီကျန့်လေးကလည်း ကျွန်တော့်ဆီလာပြီး မငိုဖို့ ပြောနေရှာတယ်လေ

ဘယ်လောက် ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေးတွေလည်း

'ပါးပါး ဘာရို့နိုနေတာလဲ မနိုပါနဲ့နော်'
'ဟုရယ် ပါးပါး မနိုပါနဲ့နော်'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now