**ဟုတ် လာပြီ လာပြီ**

တစ်ယောက်ထဲ အခန်းဝမှာ
ချန်ထားခံခဲ့ရတဲ့ Seokjinရယ်ပါ။

ငါပဲ မှားတာပါကွာ။

**ငါ့လည်းစောင့်ဦးလေ**

ကြက်ကြော်ဘူးကိုသယ်ရင်း
သူလည်းလိုက်သွားဖို့ပြင်သည်။

**ငါလည်းရေခဲသုပ်မြည်းချင်တယ်လို့.. **

.......
.......

စက်ဘီးကို အသင်းမှာပြန်အပ်ပြီးနောက်
အိမ်မပြန်သေးဘဲ ခဏထိုင်ဖို့စိတ်ကူးရင်း
သူနဲ့ရင်းနှီးတဲ့ အာတာပူစီ ရောင်းတဲ့ ဦးလေးကြီးနှင့်
စကားထိုင်ပြောနေတဲ့ Kim Namjoon
ဦးလေးကြီးနဲ့သာပြောနေပေမဲ့
စိတ်ကတော့ဟိုရောက် ဒီရောက်ရယ်
အတိအကျအားဖြင့်ဆို
Kim Seokjin ဆိုတဲ့ food blogger လေးဆီပေါ့ ...

ထိုလူသားကို သူစသိခဲ့တာ
လွန်ခဲ့သော တစ်လကျော်လောက်ကပေါ့
ပြည်ပမှာ အလုပ််နဲ့ရောက်နေတဲ့အချိန်
ပဲခေါက်ဆွဲကလည်း တော်တော်စားချင်နေတဲ့အချိန်
ပဲခေါက်ဆွဲ စားနေတဲ့ Seokjin ရဲ့ liveကို မတော်တဆတွေ့မိပြီး ကြည့်ဖြစ်ခဲ့တာ။

စားနေတဲ့ပုံစံလေးက စိတ်ဝင်စားစရာကောင်းတာမို့
သူ့ရဲ့ တခြား videoတွေလည်းရှာကြည့်ဖြစ်ခဲ့တယ်။

လူကို စိတ်ဝင်စားတာလား
စားစရာ ကို စိတ်ဝင်စားတာလားတော့
မဖြေခိုင်းနဲ့ သူလည်း မသိဘူး ။

ညနေကပဲခေါက်ဆွဲဆိုင်မှာ ဝင်တိုက်မိတော့
သူတန်းမှတ်မိတာပေါ့
အပြင်မှာပိုချောတယ်
သူ့ထက်နှစ်နှစ်ပိုကြီးတယ်လို့
လုံးဝမထင်ရက်လောက်အောင်လည်း
နုဖတ်နေတဲ့ ပုံစံလေးနဲ့ hyung က
တစ်ကယ် စိတ်ဝင်စားဖို့ကောင်းတယ်။

သူစိတ်လွတ်နေတာကို
ဦးလေးကြီးတောင်သတိထားမိပုံရသည်။
ခါတိုင်းလို စကားအကြာကြီးမပြောတော့ဘဲ
အိမ်စောစောပြန်ဖို့ပြောရင်းထွက်သွားသည်။

အိမ်ပဲပြန်ရင်ကောင်းမလား ..
ဒီအနီးအနားလေးမှာ အဲ့တစ်ယောက်နေထင်တယ်
သူ့ဆီသွားလည်ရင်ကောင်းမလား
သီချင်းကိစ္စလည်းပြောစရာရှိတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့။

ဒီအနားမှာ ပဲနေတာထင်တယ်
အဲ့ Hyungက သူ့ဆီတစ်ခါထဲဝင်ရင်ကောင်းမလား

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now