ကျွန်တော်ချစ်သောကိုကို(35)

Start from the beginning
                                    

ကုမ္ပဏီ ကိုလဲ ရိဟန်Geတို့နဲ့သာ လွှဲထားသည်

အရမ်းမှ အရေးမကြီးရင် သိပ်မသွားဖြစ်တော့

ကလေးအနားမှာသာ နေဖြစ်တော့တယ်

ဖန်ရှင်းတို့ကလည်း ကလေးစီ ခဏခဏလာကြတော့ သူတို့နဲ့လည်း တွေ့ဖြစ်နေတယ်

ဒီကောင်တွေက ကလေးချက်တဲ့ ဟင်းစားချင်တိုင်း ခဏခဏ လာနေကြတာ

ကလေးကလည်း မချက်ပါနဲ့ဆိုပြောမရဘူး

အမြဲတမ်း သူ့အကိုတွေဖို့ ချက်ပေးတယ် မငြီးမညူနဲ့

အခု ဗိုက်ကလေးထွက်လာမှ မနည်းပြောထားရတယ်

အခန်းထဲကို ချောင်းကြည့်လိုက်တော့

ကျွန်တော့်ကလေးက စိတ်ကောက်ပြီး စောင်အောက်အှာ ပုန်းနေတယ်လေ

အခန်းထဲဝင် တံခါးပိတ်ပြီး သူအိပ်နေတဲ့ ဘေးနားမှာ အသာလေး ဝင်လှဲလိုက်တယ်

ဘေးမှာ လှဲလိုက်တာကို သိတဲ့ကလေးက အရှေ့ကိုပဲ ဆက်တိုးနေတာမို့

ကိုယ်လုံးလေးကို ရင်ခွင်ထဲ အသာဆွဲယူလိုက်တော့ ရုန်းနေတဲ့ကလေး

ပိုတိုးပြီးဖက်လိုက်တော့မှ ငြိမ်ကျသွားတော့တယ်

ဒါတောင် ဖက်ထားတဲ့ ကိုယ်လုံးလေးက တစ်ချက်တစ်ချက် တုန်သွားသေးတယ်

*အဟင့်~အဟင့်~*

ဟင် ရှိုက်သံ

ကျွန်တော့် ကလေးလေး ငိုနေတာလား

'ငယ်  ငယ် ကိုကို့ဘက် လှည့်ပါဦးငယ်ရာ'

လက်နဲ့ ဆွဲလှည့်လိုက်ကာမှ ပါလာသော ငယ်ရယ်ပါ

သေချာတာပေါ့

ကျွန်တော့်ငယ်လေး ငိုနေရှာတာ ကျွန်တော့်ကြောင့် ကျွန်တော်ကြောင့်

'ငယ် ...ငယ်ရာ မငိုပါနဲ့ ငယ်မျက်ရည်တွေမြင်ရတာ ကိုကိုနာကျင်ရလို့ပါ

မငိုပါနဲ့နော်

ငယ်ဘာလို့ ငိုနေတာလဲ အပြင်မသွားရလို့လား ကိုကိုလိုက်ပို့မယ်လေနော် မငိုနဲ့တော့နော်'

'အဟင့် ကို ကိုကိုက ငယ့်ကို အပြင်မပို့ချင်တာ ငယ်က အဟင့် ငယ်က ရုပ်စိုးနေလို့မို့လား

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now