နှိုင်း လေးလေး ကန်ကန်သာ ဖြေလိုက်ရင်း ခေါင်လေးကို တွဲ၍ အိမ်ထဲဝင်ခဲ့ပါသည်။
မိုးဇေ ၊ရဲဇော်နှင့် စိုင်လျန် တို့သည်
လည်း အိမ်ကြီးအား အကဲခတ်ရင်းပင် လိုက်ဝင်ခဲ့ကြလေသည်။

"အကိုလေး ထွက်သွား တုန်း...အကိုလေး ညီ ရောက်လာတယ် "

"ဟင် ဘယ်သူ.. "

"လမင်း လား "

နှိုင်းဆီလာမည့် ညီ 'ဟူ၍ ဆွေမျိုးသားချင်းထဲ၌ လမင်းမှ လွှဲ၍ မည်သူမှမရှိပေ။ ခေါင်လေးနှင့် နှိုင်းတို့ အိမ်တော်ထိန်းအား မေးနေစဉ်...

"ခွေးသူတောင်းစား! !"

အိမ်ပေါ်ထပ်မှ ဒေါသမာန်ဖီလျက် ခေါင်လေးအား ထိုးရန် လက်သီးပြင်၍ ပြေးဆင်လာသော လမင်းကို တွေ့လိုက်ကြရလေသည်။

"မလုပ်နဲ့ "

နှိုင်း က ခေါင်လေး ရှေ့မှ ကာလိုက်ချိန်တွင် မိုးဇေ က လက်မြန်သူဖြစ်ရကာ သေနတ်ဖြင့် လမင်းကို ချိန်ပြီးနေပြီ။

"သေ.. သေနတ်ကြီးနဲ့ "

ရဲဇော်က ခေါင်လေးနှင့် ပတ်သတ်သည့် လူမှန်သမျှသိသူ ဖြစ်ရကာ လမင်း ကိုလည်း သိထားသဖြင့် နေရာ မရွေ့ပဲ ဒီတိုင်း ရပ်ကြည့်နေပါ၏။ ထိုအချိန်၌ စိုင်လျန်က
တော့ ခေါင်လေးအား ဖတ်တား ပြီး ဖြစ်လေသည်။

ခေါင်လေးသည် လမင်း ထိုးလဲ ခံမည်ဟု တွေးကာ မျက်စိမှိတ်မိရာမှ တစ်ဖက်ချင်းပြန်ဖွင့်လိုက်လျှင် သေနတ် မြင်ပြီး ကျောက်ဒူးတုန်နေသော လမင်းကို မြင်သည့်အခါ
....

"အဟွတ်..."

ထိန်းထားသော်လည်း ရယ်မိ၏။ ငယ်ငယ်က ပေါင်းခဲ့သည့် အကြောင်းသိ သူငယ်ချင်းတွေမို့ သူ့ကို သေလောက်အောင်ထိ မလုပ်ဘူးဆိုသည်ကိုလည်း သိပါသည်။

"ခွေးသား... လာရယ်မနေနဲ့ ဖယ်စမ်းပါ.. သေနတ်ကြီးက"

မိုးဇေ၏ အရပ်အမောင်းနှင့် မျက်နှာကြောတင်းမာမူကြောင့် လမင်း အမှန်တကယ်ပင်လန့်လို့နေပါသည်။

"ဘာဖြစ်နေကြတာလဲ!"

ထိုစဉ် စိုင်းမင်းကို မှ ပါဆယ်ဘူးနှစ်ဘူးကို အိတ်ဖြင့်ဆွဲ၍ ရောက်လာလေသည်။

Black Memory(U+Z)(Completed )Tempat cerita menjadi hidup. Temukan sekarang