Part-42

12.7K 910 25
                                    

"မင်း သူငယ်ချင်း သေတော့မှာ သိလား..တောက်စ်!!"

မိုးရေထဲ ဖင်ထိုင်ရက်လဲကျသွားသော ငစိုင်းမှာ မိုးဇေကို မအူမလည်​ ဖြင့်ကြည့်နေမိ၏။

"ဘယ်သူ..ဘယ်သူ..ဘာဖြစ်"

မိုးဇေသည် ကျွတ်​စ်​' သပ်လျက် သူ့ကို မျက်နှာလွှဲလိုက်ပြီး တံခါး တစ်ဖက်သို့သွား၍ ကိုဘိုဘို ကို ဆွဲထုတ်လိုက်ပါသည်။

"ဘာလုပ်မလို့လဲ.. အဲ့ဒါ။ ရဲတစ်ယောက်လုံးရှေ့မှာ လူသတ်တာအားမရလို့ အလောင်းပါဖျောက်မလို့လား"

"သေချာတဲ့ အဖြေကို ထပ်ထပ်မမေးနဲ့..ငါ မင်းကိုပါ သတ်မိလိမ့်မယ်"

မာန်အပြည့်ဖြင့်ပြောသောမိုးဇေကြောင့် သူတွန့်သွားရ သော်လည်း ကြောက်ရွံ့သည်တော့မဟုတ်ပေ။

"မင်း ကို ငါ ဖမ်းမှာ "

ခါးကြားမှ လက်ထိပ်ကို ဆွဲဖြုတ်ယူပြီး ကားပေါ်မှ ကိုဘိုဘို ၏ ခန္ဓာ ကိုယ်အား ဆွဲထုတ်နေသော မိုးဇေ လက်ကိုခတ်ဖို့ပြင်လျှင် မိုးဇေက သူ့လက်ကို ဖမ်းချုပ်လိုက်ပြီး...

"ဝင်မပါနဲ့လို့... ငါပြောနေတယ်နော်!"

"မင်း ဘာပြောပြော ငါတားရမှာပဲ"

"မင်...ကွာ..တောက်စ်!"

လက်သီးဖြင့်ထိုးဖို့ ရွယ်ပြီးမှ မလုပ်ဖြစ်ပဲ စိုင်းမင်းကို ကို တွန်းထုတ်လိုက်ပါ၏။ တစ်စတစ်စ ဖြင့် မိုးပေါက်ကြီးတွေက
မိုးသက်လေပြေတွေအဖြစ်ပြောင်းလဲလာကာ ချမ်းစိမ့်မူကို ဖြစ်ပေါ်လာစေပါသည်။

"မင်း လှုပ်တာနဲ့ ငါ သတ်ပစ်မှာ ရှင်းလား"

စိုင်းမင်းကို အား သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက်ပြီးနောက် သူ နောက်သို့ တစ်လှမ်းချင်းဆုတ်လိုက်ပါ၏။

"ငါ လုပ်ဖို့ဆုံးဖြတ်ပြီးသား ကိစ္စ တစ်ခုကို အခုချိန် ငါ့အဖေနဲ့အမေ အသက်ပြန်ရှင်လာပြီး တားမယ်ဆိုရင်တောင်ငါ လုပ်မှာ! "

မိုးရေတွေကြောင့် ပြာနှမ်းလုလုဖြစ်လာတဲ့နှုတ်ခမ်းဖျားဟာ ပြတ်သားသည့် စကားအား ထပ်ခါတစ်လဲလဲ ဆိုနေသဖြင့်
စိုင်းမင်းကို လက်လျော့သည်မဟုတ်ပါပဲ တားဖို့လည်း မကြိုးစားမိတော့ပေ။ မိုးဇေသည် တုန်ရီစပြုနေတဲ့ နှုတ်ခမ် အတွင်းသားကို ခပ်နာနာဖိကိုက်လိုက်ပြီး ချိန်ထားသော
သေနတ်ကို ပြန်ရုတိသိမ်းလိုက်ကာ ကိုဘိုဘို အလောင်းအား မိုးရေထဲ ခေတ္တချထားလိုက်၏ ။

Black Memory(U+Z)(Completed )Where stories live. Discover now