"အခု ချန်းယောလ်က ဘယ်မှာလဲ"

"အလုပ်ကိစ္စနဲ့ခရီးသွားမယ်ဆိုပြီး
ထွက်သွားတာ"

"ဘာ ဘာအလုပ်ကိစ္စလည်း အကိုလည်း
မကြားမိပါဘူး "

"အဟင့် ကျတော် အဲ့ဒါကို စိုးရိမ်နေတာ
ရီဖန်ပျောက်တာ မ မဟုတ်မှလွဲရော
အကိုကြီးလက်ချက်များလား......."

ရီရှင်း ချက်ချင်းမတတ် မတ်တပ်ထရပ်ကာ

"အ အကိုသွားစုံစမ်းလိုက်မယ်"

"ကျတော်ရော လိုက်ခဲ့မယ် အကို"

"ဟွန်းနီးက ဒီမှာနေပါ သူဆက်သွယ်
လာရင်သာအကို့ဆီအကြောင်းကြားပေး"

ဆယ်ဟွန်း ခေါင်းလေးတငြိမ်ငြိမ်ဖြင့်
ကျန်နေခဲ့ရသည်...

ရီဖန်ကို အကိုကြီးခေါ်သွားတာ
မဖြစ်ပါစေနဲ့...

မဖြစ်ပါစေနဲ့ ဘယ်သူ့မှမထိခိုက်စေချင်ဘူး
အထူးသဖြင့် အကိုကြီးကို စိတ်ပူတယ်..

သူစိတ်လွတ်ပြီး.....အဟင့်

အဲ့ဒါတွေအားလုံးကျတော်ကြောင့်
ကျတော်မကောင်းလို့ဖြစ်ရတာ

အကိုကြီးသဝန်တိုတက်မှန်းသိရက်နဲ့.....

.
.
.

"အ့...ကျွတ်...

တင်းကြပ်စွာချည်နှောင်ထားခံရမူနဲ့အတူ
ခေါင်းတွေထိုးကိုက်စွာ ရီဖန်နိုးလာခဲ့သည်

မျက်လုံး အသာဖွင့်ကြည့်တော့
ခပ်နွမ်းနွမ်း ခေါင်းမိုးတစ်ခုကိုမြင်
လိုက်ရတယ်

ဘာလဲ ငါဘယ်ရောက်နေတာလဲ

လက်တွေနောက်ပြန်ကြိုးတုပ်ခံထားရသည့်
အပြင် ခြေထောက်တွေလည်း ပူးချည်ထားတယ်...

ဘာ ဘာဖြစ်တာလဲ

သေချာပြန်စဉ်းစားမှ အဖြစ်ပျက်တွေ
ကိုသတိရကာ

"ပတ် ပတ်ချန်းယောလ်...

ချက်ချင်း မရမကထထိုင်လိုက်သည်
သူကုတင်ဟောင်းတစ်လုံးပေါ်ရောက်နေတာ

ဘေးပတ်ဝန်းကျင်ကြည့်မိတော့
ဂိုထောင်ရုံဟောင်းတစ်ခုထဲရောက်နေတာမှန်းသိလိုက်ရ၏...

ရေပိုက်တစ်ခုမှ ရေတစ်စက်စက်ကျသံ
မှလွဲ၍ဘာမှမကြားရ...

"ဘယ် ဘယ်သူမှ မရှိကြဘူးလား!
ဒီမှာ ကယ်ကြပါအုံး!! "

Infatuated LOVE [Completed]Onde as histórias ganham vida. Descobre agora