"awwဝမ်လေး... အပြင်ဘာထွက်လုပ်တာလဲ နေတွေဒီလောက်ပူနေတာကို"
ခုမှသူ့ကိုမြင်သွားဟန်ရှိတဲ့ ဦးလေးကလှမ်းပြောသည်...
"ပျင်းလို့ပါဦးလေးကလည်း ဒါနဲ့ကျွန်တော်ဘာကူရဦးမလဲ"
"ကူစရာမလိုပါဘူး ဦးလေးအလုပ်ကောင်းကောင်းလုပ်နိုင်ပါသေးတယ်"
ပြောရင်းနဲ့ခန္တာကိုယ်ကို အားရှိသလိုပုံစံလုပ်ပြပြီး နှစ်ယောက်လုံးအတူတူသဘောတကျရယ်လိုက်မိသည်...
"ဟင် ဝမ်လေး!"
ဦးလေးရဲ့အလန့်တကြားခေါ်သံနဲ့အတူ နှာခေါင်းထဲက ညှီစို့စို့ အရည်တချို့ထွက်လာသည်ကို ခံစားမိတော့ လက်ကနှာခေါင်းအောက်သို့အလိုလိုစမ်းမိလျက်သား...
"ဝမ်လေးရယ် နေကောင်းတာလဲမဟုတ်ပဲနဲ့ နေပူထဲထွက်တော့ ဖြစ်ပြီ...လာလာ ဦးလေးလုပ်ပေးမယ်"
လက်ကိုဆွဲ၍အိမ်ထဲကိုခေါ်လာသော ဦးလေးအနောက် လက်တစ်ဖက်ကိုနှာခေါင်းအောက်၌ ပိတ်ထားရင်း ယက်ကန်ယက်ကန်နဲ့ပါလာလေသည်...
~~~~~~~~~Hurt~~~~~~~~~
"ကို"
ခေါ်သံကြားလို့အနောက်လှည့်ကြည့်လိုက်တော့... နှစ်ယောက်မရှိတဲ့ချစ်ရသူ...
"စောင့်ရတာကြာသွားလားဟင်"
မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ပြီး ပြုံးလျက်မေးလာသောသူမ...
"မကြာပါဘူး ခုတောင်စောနေသေးတယ်"
လက်ပတ်နာရီကိုကြည့်ပြီး အံ့သြသလိုပြောမိသည်...အရင်တုန်းကချိန်းတိုင်း သူမကအနည်းငယ်နောက်ကျမှရောက်တတ်သည်...သူ့မိဘတွေကကျွန့်တော့်ကို သဘောမကျသောကြောင့် လမ်းထိပ်ခဏထွက်ရန်ကတစ်ခါ ခိုးထွက်လာရသည်ကတစ်ဖုံမို့ တော်တော်ကြာစောင့်နေရတတ်သည်...ဒီနေ့ကျမှဘယ်လိုလုပ်...
ကျွန်တော့်အပြောကို သူမကတစ်ချက်ရယ်လိုက်ပြီး...
"မားတို့ကိုပြောပြီးလာခဲ့တာ"
ဒီတစ်ခါတော့ကျွန်တော့်မျက်လုံးပြူးသွားသည်...
"မားတို့က ရီဖေး သဘောပဲတဲ့ ဒါပေမယ့်စောင့်ကြည့်နေမယ်တဲ့ သူတို့ကြိုက်ရင်သဘောမတူစရာအကြောင်းမရှိဘူးတဲ့လေ"
YOU ARE READING
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
~Hurt~*2*'Complex'
Start from the beginning
