{5} စူပုတ်လေး

Start from the beginning
                                    

⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩

ဓါတ်လှေကားက ၁၁ထပ်မြောက္မှာ ပွင့်သွားပြီးနောက်
သူမက အရှေ့ကနေထွက်သွားတာကြောင့်
JiSoo လဲ သူမအနောက်ကနေ လိုက်သွားခဲ့လိုက်သည်။

Lisa ပြောတဲ့ သူ့သူငယ်ချင်းရဲ့ ရတနာဆိုင်မှာ
ရတနာ အချို့ကို လှည့်ပတ်ကြည့်ရင်း
ဆိုင်ပိုင်ရှင်နဲ့ Lisa ကိုစောင့်နေလိုက်သည်။

စူပုတ်လေးက ခင်းကျင်းထားတဲ့ရတနာအချို့ကို
စိတ်ဝင်တစားကြည့်နေတာကြောင့်
သူမအနားသွားပြီး စကားပြောကြည့်ဖို့ ကြိုးစားလိုက်သည်။

ပြီးတော့ မျက်နှာအနေအထားကိုလဲ
တတ်နိုင်သမျှ အချိုသာဆုံးပြုံးရင်း
စကားစလိုက်သည်။

"Jennie shi ဒါက ဘာကျောက်လဲ သိလား"

"ဒါလား Jade....Jade က အမျိုးအစားအများကြီးရှိတယ်
lavender jade,black jade,green jade...
တော်တော်စုံတယ်
Jade ကိုကျတော့ တရုတ်လူမျိုးတွေကပိုကြိုက်ကြတယ်'

ဒီလိုကျတော့လဲ စူပုတ်လေးက သူမဟုတ်တဲ့အတိုင်း
JiSoo မေးသမျှပြန်ဖြေရင်း သေချာတောင်
ရှင်းပြနေလိုက်သေးလေ၏။

"ဟုတ်လား...တော်တော်လှတယ်နော် ဒီကျောက်လေးက
ပန်းခရမ်းရောင်လေး"

"အင်း သူ့ကို Lavender Jade လို့ခေါ်တယ်"

"အင်း သူ့ကို Lavender Jade လို့ခေါ်တယ်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.









"ဈေးကရော"

"ဈေးကလဲ အမျိုးမျိုးပဲ အရည်အသွေး
ကောင်းမကောင်းပေါ်မူတည်ပြီးဈေးလဲကွာသွားတယ်"

"ဟုတ်လား...ဒါနဲ့ Jennie ကတော်တော်သိတာပဲ
ဒီကိုရောက်တာ ဘယ်လောက်ရှိပြီလဲ
ကြာပြီလား..."

"အင်း...နည်းနည်း ၂နှစ်လောက်ရှိပြီလားပဲ"

"ဟုတ်လား Thai စကားရော တော်တော်ကျွမ်းပြီလား"

GASHINA (Completed )Where stories live. Discover now