နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-12

Start from the beginning
                                    

...........

"အာ......ရောင်ဝါ အကို ဒီနေ့ရုံးစောစော ဆင်းလိုက်မယ်...ရောင်ဝါ ရုံးဆက်ထိုင်လိုက်နော်...ဖြစ်တယ်မလား..."

ကောင်သတင်း ရဲ့ အသံကြားတော့မှ ရောင်ဝါခေါင်းလေးတစ်ချက် မော့ကြည့်ရင်း....

"ဟုတ်ဖြစ်ပါတယ်.. အကို.. "

ရောင်ဝါ သူ့ခုံမှာသူပြန်ထိုင်ရင်း အလုပ်ကိုမသိချင်ယောင်ဆောင်ရင်း ဆက်လုပ်နေလိုက်သည်။

"ကဲ..ငထူး လာကွာ တစ်ခါထဲ အိမ်လိုက်ခဲ့.. .''

"အေးအေး..."

ကောင်းသတင်း ဝဠာထူးကို ရုံးခန်းထဲက အပြင်မြန်မြန်ခေါ်ထုတ်သွားသည်။ ဝဠာထူး မျက်နှာကတော့ မကောင်းပေ....
ဝဠာထူးနဲ့ ကောင်းသတင်းဆောင်က အသက်ငါး နှစ်ကွာပေမဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ....

"ငထူး...မင်း...အခု...ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ"

ကောင်းသတင်း ကားပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတဲ့ ဝဠာထူးကို မေးလိုက်သည်။

"အာ...ဟမ်...ဘာ...ကိုလဲကွ...''

"မင်းအဖြစ်ကို ငါနားလည်ပါတယ်ကွာ...မင်းအသဲအသန်လိုက်ရှာခဲ့ရတဲ့ သူကို အခုပြန်တွေ့ပြီဆိုတော့...."

ဝဠာထူး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း ကားပြတင်းပေါက်မှ အပြင်ကို ပြန်ငေးလျက်....

"ငါ သူ့ဘဝလေးကို သာသာယာယာလေးပဲ ဖြစ်စေချင်ပါတယ်ကွာ....နောက်တစ်ခေါက်ထပ်ပြီးသူ့ကို မနာကျင်စေချင်တော့တာတော့ အမှန်ပဲ....အခုအချိန်မှာ သူ့စိတ်သဘောအတိုင်းပဲ ဖြစ်စေချင်တာပါ...."

နေပါအုန်း...ကျွန်တော်ဘာလို့ အဲ့လောက်ထိ လိုက်စပ်စုနေရတာပါလိမ့်...တကယ်ဆို သူတို့ကိစ္စက ကျွန်တော်နဲ့မဆိုင်ပါ.....ရောင်ဝါဆိုတာ ကျွန်တော့်ညီလေးလိုပါပဲ...ဝဠာထူးဆိုတာကလည်း ကျွန်တော် အချစ်ဆုံးသူငယ်ချင်းအရင်းကြီးလေ....ကျွန်တော့်ရဲ့စိတ်တွေ ကပြောင်းကပြန်ဖြစ်နေသလိုပင်...

သူတို့နှစ်ဦး အတွေးကိုယ်စီနဲ့ ကားမောင်းလာလိုက်တာ...ကောင်းသတင်းတို့အိမ်ရောက်မှ အတွေးများရပ်တန့်ကြသည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now