2

7.4K 808 34
                                    

Unicode

ခြိမ်း

စာသင်နေရင်း ရုတ်တရက်မိုးခြိမ်းသံကြောင့် Jungkook အလျင်အမြန်ပင် ပြတင်းပေါက်ဘက်ကို လှမ်းကြည့်လိုက်မိသည်

ကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်နေတာပဲဟုတွေးနေတုန်းပင် မိုးတွေရွာချလာသည်

သည်းကြီးမည်းကြီးရွာနေတဲ့မိုးကိုကြည့်ပြီး ကစားကွင်းက ကြောင်လေးကို စိတ်ပူနေမိသည်

'မီးညောင်လေး အဆင်မှပြေရဲ့လား'

လေတွေရောမိုးတွေရောကြောင့် ကြောက်များကြောက်နေမလား ဘယ်နေရာမှာ မိုးခိုနေပါလိမ့်

စိတ်ပူပါတယ်ဆိုမှ ဒီနေ့မှ စာသင်ချိန်တွေက ပိုကြာနေသလိုပင်

ခေါင်းလောင်းသံ ကြားသည်နှင့် အလျင်အမြန်ပင် ကျောင်းဝင်းထဲမှ ပြေးထွက်လာခဲ့လေသည်

ကစားကွင်းနားရောက်တော့ ထိုကြောင်ကလေးကို လှမ်းခေါ်ကာ

"မီးညောင်လေးရေ"

ညောင် ညောင် ဟူသော အသံပြန်ပေးသဖြင့် အသံလာရာကြည့်လိုက်တော့ လျှောထဲတွင် ဝင်ပုန်းနေသည်ကို တွေ့လိုက်သည်

အမွှေးစုတ်ဖွားဖြင့် ညစ်ပေနေကာ မိုးရေမိထားလို့ထင်သည် တစ်ကိုယ်လုံးလည်း တုန်ရီနေသော ကြောင်ကလေးကို သူအမြန်ပင် ထွေးပွေ့လိုက်သည်

"သနားစရာကောင်လေး"

ဒီကောင်လေးကို မိုးရေထဲမှာ တစ်ကောင်တည်းမထားချင်မိတာနဲ့ နောက်ဆုံး အိမ်ကိုခေါ်လာမိသည်

'မိုးတိတ်သွားမှပဲ ပြန်လာထားတော့မယ်' ဟုသာ စိတ်ထဲ၌ တွေးတောရင်း

အိမ်ရောက်တာနဲ့ ထိုကောင်လေးကို အမွှေးတွေ သုတ်ပေးပြီး နွေးနွေးထွေးထွေးရှိစေရန် စောင်အဝါလေးနှင့် ထုတ်ထားသည်

"မင်း ဗိုက်ဆာနေပြီမလား"

"Meow"

ရေခဲသေတ္တာထဲတွင် ကျန်နေသော နွားနို့တစ်ဝက်နဲ့ ပေါင်မုန့်ကို ကြောင်ကလေးစားဖို့ပြင်ပေးပြီး Jungkook အတွေးကမ္ဘာထဲသို့ ရောက်သွားပြန်သည်

Your Calico CatOnde histórias criam vida. Descubra agora