ခေါင်လေးကျောပြင်အား ပုတ်ပေးရင်း သူမပြောလိုက်လျှင် ပင့်သက်ရှိုက်သံလေးကို ကြားလိုက်ရပါ၏။ တိုးတိတ်စွာ ငိုကြွေးတတ်ဖို့ ဘယ်သူကများ သင်ကြားပေးလိုက်တာပါလဲကွယ်။

"မမဝေ"

"အင် ပြော...မောင်ဘုန်း"

ခေါင်လေးသည် လိမ့်ဆင်းဖို့ပြင်နေသည့် မျက်ရည်ကို သုတ်လိုက်ပြီး ..သူမအား ဝမ်းနည်းစွာ ကြည့်လာကာ..

"ကျွန်တော်နဲ့ နှိုင်း မင်္ဂလာဆောင်ရင် လာခဲ့နော်"

"ဒီကောင်လေး!"

"ဟီး..."

ရိုက်ဖို့လက်လေးရွယ်လိုက်ပြီးမှ သူမ မရိုက်ရက်စွာ ပြန်ချဖြစ်၏။ ခေါင်လေးအား မျက်စောင်းထိုးလို့ ရှက်သွားသည့် နှိုင်းကလည်း နှင်ဆီဖူးလေးလို ပန်းသွေးကြွယ်နေလေသည်။ သူမခင်ပွန်းသည်လည်း
မောင်ဘုန်းအား ခပ်ပြုံးပြုံးကြည့်လျက် လက်သီးချင်းတိုက် လိုက်လေသည်။ ဘာသာစကားဖြင့်ထုတ်ဖော်မပြောနိုင်
သော်လည်း အဆင်ပြေပါစေဟူ၍ ဆုမွန်ကောင်းတောင်း ပေးနေမှာတော့သေချာပါ၏။

ခေါင်လေးသည် မမဝေလက်ထဲမှ ကလေးငယ်အား နဖူးလေးကို လက်ည်ိုးနဲ့ထိလို့ ပြုံးပြလိုက်ပြီး မမဝေတို့ ဇနီးမောင်နှံကို တစ်ဖန်ပြုံးပြကာ နှုတ်ဆက်ခြင်းဖြင့်
ကျောခိုင်း လှည့်ထွက်ဖြစ်ခဲ့ပါ၏။သို့တိုင် အိမ်လေးဆီမှ ခြေလှမ်း တစ်လှမ်း ခြွတိုင်း ရင်ထဲဟာတာတာ ဖြစ်သွား သည်ကို သူ သတိထားမိလိုက်လေသည်။

ခွဲခွာချိန် ဟာ ဒီလိုပဲ လွှမ်းမောမူကို ဖြစ်စေပါလျှင်...

အတွေးတို့ကို လေထုနဲ့အတူလွင့်ပါသွားစေရန် လေကို ခပ်ဖြေးဖြေး ရှူထုတ်လိုက်မိပြီး ဘေးနားရှိ အတူပါလာသော ချစ်သူလေးကိုသာ ငေးကြည့်မိလေသည်။ အကယ်၍များ
နှိုင်းသာ သူ့ဆီရောက်မလာခဲ့ဘူးဆိုရင် သူ
အ်ိမ်ပြန်ဖို့တွန့်ဆုတ်နေမိဦးမှာသေချာပါ၏။ တလှိမ့်လှိမ့် ထွက်ခွာနေပြီဖြစ်သော ကားပေါ်တွင် သူ နှိုင်းရဲ့လက်လေးကို ဆုပ်ကိုင်းရင်း..

"အချစ်.. မောင်တို့ဘယ်သွားကြမလဲဟင်"

"မောင် သွားတဲ့နောက် တကောက်ကောက်လိုက်ရုံကလွဲရင်ငါ ဘယ်ကိုမှ မသွားချင်ဘူး"

Black Memory(U+Z)(Completed )Where stories live. Discover now