အခန္း(၃၈) သူ၏မ်က္လံုးမ်ား

Start from the beginning
                                    

လီဆွေ့သည်ကိုင်းညွတ်လိုက်ရင်း လုရှန်း၏နှုတ်ခမ်းများကို တတိတိနှင့် ညင်သာစွာကိုက်လိုက်သည်။ အနမ်းကြားထဲ ဈာန်ဝင်မသွားခင် ပြန်လွှတ်ပေးလိုက်၏။ နှာထိပ်ချင်းထိကပ်ရင်း လီဆွေ့ကပြောလိုက်သည်။

"ဟုတ်ပြီ ... အခုသွားတော့မယ် ... အိမ်မှာပဲ နားလိုက်ဦး"

"အင်း"

လုရှန်းခေါင်းငြိမ့်လိုက်သည်။ လီဆွေ့ခြေလှမ်းကြဲများနှင့် အိမ်ထဲမှထွက်ကာ ကားထဲဝင်၍ မောင်းထွက်သွားသည်ကို ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေသည်။ လီဆွေ့၏လှုပ်ရှားမှုတိုင်းဟာ လုရှန်းအမြင်မှာ ည်ှု့ယူဖမ်းစားမှုအားကောင်းလှသည်။

ငယ်ရွယ်ခြင်းက ကောင်းလှသည်ဟု သူတွေးမိသည်။ လုရှန်း အိပ်ယာမှထထိုင်လိုက်ပြီး ခါးကိုအနည်းငယ်ပွတ်လိုက်သည်။ ပြီးတော့ တစ်ခုခုတွေးမိသွာပြီး ရယ်လိုက်၏။

လုရှန်းသည် သူ့ကလေး၏ ရိုးသားသန့်စင်မှုကို သဘောကျသည်။ သို့သော် သူတကယ်ချစ်မြတ်နိုးစေသည်က လူကြီးတစ်ယောက်အနေနှင့် အရှိန်အဝါပြည့်စုံလာခြင်းပင်ဖြစ်သည်။

မနက်စာစားပြီးသည့်အခါ အဝတ်ဗီရိုကိုဖွင့်၍ အချိန်ကြာကြာရှာဖွေနေမိသည်။ လီဆွေ့က တုံ့ယမ်းမှအလုပ်ကိစ္စများကို လွှဲပြောင်းယူသွားကတည်းက လုရှန်းမှာ အားလပ်ချိန်တွေ ပို၍ပို၍တိုးလာသည်။ သူ ညလုံးပေါက်အလုပ်လုပ်ခဲ့ရသည့်ရက်များမှာလည်း တော်တော်ကြာကျန်ခဲ့လေပြီ။ တကယ်တမ်းဆို လုရှန်းကုမ္ပဏီသို့ တစ်ပတ်တစ်ခေါက်ပင်မရောက်ဖြစ်တော့ ... အရင်ကတော့ ဒေါ်လေးလုက သူ၏အဝတ်များကို မီးပူတိုက်ကာချထားပေးနေကျဖြစ်သော်လည်း လုရှန်းသတိမထားမိလိုက်စဉ်မှာပဲ ထိုနေရာတွင် လီဆွေ့၏အဝတ်များက နေရာယူလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

လုရှန်းတော်တော်ကြာ ရှာဖွေပြီးသည့်နောက်မှာတော့ အကုန်နီးပါးဆင်တူဖြစ်နေသည့်
ရှပ်အင်္ကျီတောထဲမှ သူဝတ်ဖို့တစ်ထည်ရှာတွေ့လေသည်။ သူ အဝတ်လဲပြီးသည့်အခါ ဦးလေးယွမ့်က အိမ်ရှေ့မှာ ကားနှင့်ရောက်နှင့်နေပြီဖြစ်သည်။

လုရှန်းက ကားတံခါးပိတ်လိုက်ရင်းပြောလိုက်သည်။

"ဝါးရုံသင်တန်းကျောင်းကို သွားမယ်"

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now