"ဒိုင်း!"

"ဒိုင်း!ဒိုင်း!"

သေနတ်ဝမှာထွက်သွားသော ကျည်ဆံသုံးပွင့်ဟာ လောပန်း၏ ခြေထောက်နှစ်ဖက်အပြင် ရင်ဝကို ထိုးဖောက်ဝင်ရောက်သွားလေသည်။

"အ.."

သေနတ်သံနှင့် လူအော်သံကိုကြားပါလျှင် ကိုဘိုဘိုသည် ဖုန်းကို ချလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ
မျက်လုံးတို့နီရဲလာပါ၏။ ခင်ဗျားက နောက်ဆုံးအချိန်ထိတောင် ကျုပ်အပေါ် နဲနဲလေးမှ တာဝန် မကျေဘူးပဲ။

မာန်အပြည့်ဖြင့် မည်သူကိုမျှခယခြင်းမရှိသော လောပန်းသည် မြေပြင်ပေါ်သို့ ဒူထောက်လဲကျသွားသော်လည်း
အရှုံးပေးချင်သည့်ပုံမပေါ်သေးချေ။

မိုးဇေသည် သွေးတို့စီးကျလျက် အသက်ငင်နေသော လောပန်းအား ဂုတ်မှကိုင်ကာ ဆွဲခေါ်လိုက်ပြီး အနီးရှိလောပန်းတို့အဖွဲ့မောင်းလာသော ကားပေါ်ပစ်တင် လိုက်ပါ၏။ ထို့နောက် ကား ဆီတိုင်ကီကို သေနတ်ဖြင့်
ပစ်ကာ ဆီတွေ ယိုထွက်စေလိုက်ပြီး ခပ်ဝေးဝေးသို့သွားကာ မီးခြစ်ကို မီးတောက်စေလျက် ကားဆီသို့ ပစ်လွှတ်လိုက်ပါ၏။
တစ်ပြိုင်နက်တည်းမှာပင် သူဟာလည်  မြေကြီးပေါ်ဝပ် လိုက်ပါတော့၏။

"ဝုန်း!"

မီးနဲ့ဓာတ်ဆီတို့ မိတ်ဆက်သွားသည့်အခါ ပေါက်ကွဲသံဟာ ကျယ်လောက်စွာ ထွက်ပေါ်လာလျက် မီးတောက်ကြီးက
နီရဲစွာ တောက်လောင်သွားလေတော့သည်။ဖွာကျလာသော မီးပွားတွေနှင့် အမိုက်စတွေကို ကြည့်လျက် မိုးဇေသည် တင်းထားသော မျက်နှာကြောကို လျှော့လျက် ထိုနေရာမှ
လှည့်ထွက်သွားလေတော့သည်။

ငယ်ငယ်ကတည်းကပင် မိဘနှစ်ပါးတို့ဆုံးပါးခဲ့သော သူရဲ့ဘဝသည် ဆက်ဟေးနှင့်တွေ့မှပင် သံယောဇဉ်ဟူသည့်အရာအား နားလည်သိရှိခဲ့ရ၏။ သွေးသောက် ညီအစ်ကို ဆိုသည်ထက် ပိုသော အမျှစ်တွယ်ခြင်းတွေ
နှလုံးသား ထဲ၌ ဖြစ်တည်ခဲ့ပါသည်ဆိုလျှင် မှားဖွယ်ရာ မရှိပေ။

ခဏစောင့်ဦး! နောက်ဆုံးတစ်ယောက်ကို ရှင်းပြီးရင်..မင်း ရဲ့ရှေ့.. ငါ တာဝန်ကျေပြီနော်ဆိုတဲ့ စကားပြောဖို့ အရောက်ပြန်လာခဲ့မယ်။

Black Memory(U+Z)(Completed )Where stories live. Discover now