နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-6

Start from the beginning
                                    

"ကဗျာဆန်လှချေလားကွ ရောင်ဝါကကြယ်လေးတွေ ဆိုရင် ကံကောင်းလှတဲ့ကောင်းကင်ကြီးက ဘယ်သူများဖစ်မလဲ သိချင်လှပြီ"

(ကလေးကို စိတ်ဆင်းရဲအောင်လိုက်လုပ်နေတာ😒😒)

ရောင်ဝါ ထိုစကားကြောင့် သူ့ကို စူးစူးနက်နက် ကြည့်လိုက်မိသည်။ သက်ပြင်းလေးလေးတစ်ချက်ချရင်း.....ကောင်းကင်ကြီးကို ပြန်မော့ကြည့်ရင်း...

"သားရဲ့ အလုပ်က ကောင်းကင်ကြီးကို ပိုမိုတင့်တယ်အောင် လှပအောင် လုပ်ပေးရုံပါပဲလေ....ကောင်းကင်းကြိးကို ပိုင်ဆိုင်သွားတဲ့ ကြယ်ပွင့် ဆိုတာမျိုးတော့ မရှိပါဘူး...."

ရောင်ဝါဘာကို ရည်ရွယ်တယ်ဆိုတာ ကောင်းသတင်း နားမလည်ပေမဲ့ စိတ်ထဲလေးလာသလို ခံစားရတာကြောင့် သူပါသက်ပြင်းချလိုက်မိတော့သည်။

#unicode

နှစ်ရက်အကြာ.....
ရောင်ဝါ့ ရဲ့ ဂရုစိုက်မှုတွေကြောင့်  ကောင်းသတင်း အဖျားကျပြီး နေပြန်ကောင်းလာပါပြီ။

"ရောင်ဝါ "

"ဗျာ''

" အကိုတို့ ကမ်းခြေကိုသာ ရောက်ဖြစ်တယ် တစ်ခါမှ ရေကူးတဲ့ဆီမရောက်ဖူးနော်...မနက်ဖြန်ဆိုရင်ပဲ ပြန်ရတော့မယ်...."

"အင်းနော်...ဟုတ်ပါရဲ့"

"အဲ့တာ....ရောင်ဝါများ...ရေထဲဆင်းချင်လားလို့..."

"ဆင်းချင်တာပေါ့ဟီး...ဟီး"

ရောင်ဝါ့ဆီမှ လွပ်လွပ်လပ်လပ် ခလေးဆန်ဆန် အပြုံးလေးပြန်မြင်ရတော့ ကောင်းသတင်း စိတ်ထဲပေါ့ပါးသွားသလိုပင်။

"ဒါဆို အကိုတို့ ညနေလောက် သွားကြမယ်နော်"

"ဟုတ်ကဲ့... "

ညနေစောင်းတော့ ကောင်းသတင်းနဲ့ ရောင်ဝါတို့ အတူတူ ကမ်းစပ်နားသွားကြသည်။

"အကို..."

"အင်း..ရောင်ဝါ...ပြောလေ"

"ပင်လယ်ရေတွေက ဘာလို့ငန်တာလဲသိလား"

"မသိဘူးလေ"

"ဟင်း...အကိုကလည်း ဒါလေးတောင်မသိဘူး...."

"အမ်...ဟုတ်ပါပြီ အကိုမသိဘူးပြောပြ"

"ဟွန်း....အကိုကလည်း သားက မသိလို့ မေးတာကို"

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now