နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-6

Start from the beginning
                                    

"ဟာ...ရောင်ဝါ တော်တော်ရေငုပ်နိုင်တာပဲ"

ငါးမိနစ်သာကြာသွားသည်။ ရောင်ဝါပြန်တက်မလာသေး။

"မဟုတ်သေးဘူး အတော်ကြာနေပြီ ရောင်ဝါ.....ရောင်ဝါ...အကိုအရှုံးပေးပါတယ် တက်လာခဲ့တော့"

ကောင်းသတင်း ရောင်ဝါ ကြားလိုကြားငြားအော်ခေါ်ကြည့်သော်လည်း မထူးခြားပါ။ ကောင်းသတင်း အတော်လေးစိတ်ပူသွားပြီး ရောင်ဝါ့ကိုရေငုပ်ရှာတော့သည်။ ခဏအကြာတော့ ရေမွန်းပြီး သတိမေ့နေတဲ့ ရောင်ဝါ့ကို ကမ်းစပ်ဆီ ကယ်လာရသည်။
ကောင်းသတင်း အတော်ကို စိတ်ပူသွားသည်။

''ရောင်ဝါ...ရောင်ဝါ...ရောင်ဝါ...ထပါအုန်း..ရောင်ဝါ"

မထူးခြားပေ။ ကောင်းသတင်း​ ​ရောင်ဝါ့အဆုတ်နားကို လက်နဲ့ဖိဖိ ပေးတော့မှ ရေတွေ ပြန်ထွက်ပြီး ရောင်ဝါသတိပြန်ရလာသည်။

"ရောင်ဝါရာ...ကံကောင်းပေလို့သာပေါ့  ကလေးမဆန် စမ်းပါနဲ့တော့ကွာ"

ကောင်းသတင်း သူ့ကို ငေါက်လိုက်မိသည်။ ရေမွန်းချင်နေသေးတဲ့ရောင်ဝါ့ကို စွေ့ကနဲပွေ့ချီလိုက်ပြီး ကောင်းသတင်း အခန်းထဲြဲပန်ခဲ့တော့သည်။

(ဒီကfaမ..ကိုလည်းလာချီကြပါအုန်း😑)
........

"ရော့ သောက်လိုက်"

ကောင်းသတင်း ရောင်ဝါ့ ကို ကော်ဖီပူပူလေးတစ်ခွက် လှမ်းပေးလိုက်သည်။ ရောင်ဝါ ကော်ဖီခွက်လေးကို လှမ်းယူလိုက်ပြီး
တစ်ငုံသောက်လိုက်သည်။ ကောင်းသတင်းရောင်ဝါ့ နားမာ ကပ်ထိုင်လိုက်ရင်း ရောင်ဝါငေးနေသလို ကောင်းကင်ကြီး နဲ့ကြယ်ရောင်ဖြဖြလေးတွေကို ငေးကြည့်နေလိုက်သည်။

"အကို...''

"အကို..ကောင်းကင်ကြီးနဲ့ ကြယ်လေးတွေအဖြစိ နေခွင့်ရမယ်ဆိုဘာအဖစ်​နေချင်လဲ''

"အာ....အကိုအဲ့လိုတောင် မတွေးမိပါဘူး ဒါနဲ့ ရောင်ဝါကရောဘာဖစ်ချင်တာလဲ"

"သားကတော့  ကြယ်လေးတွေဖြစ်ချင်တယ် ကောင်းကင်ကြီးရဲ့ အလှတရားဟာ ကြယ်တွေနဲ့မှ ပြည့်စုံတာလေ....ကောင်းကင်ကြီးကို လှပအောင် အလှဆင်ပေးနိုင်တဲ့ အရောင်ဖြာဖြာလမင်းကြီးရှိပေမဲ့လဲ ကြယ်တွေမရှိတဲ့အခါ ကောင်းကင်ကြီးရော လမင်းကြီးရော မတင့်တယ်သလိုခံစားရတယ်  ကြယ်လေးတွေက သူတို့ကိုယ်တိုင်ကတော့ ဘာမှမဟုတ်တဲ့ မိတ်တုတ်မိတ်တုတ် အလင်းရောင်လေးပဲ ပေးနိုင်တဲ့ သေးသေးကွေးကွေး ဖစ်ပေမဲ့လည်း ကောင်းကင်းကြိးကိုလှပအောင် တန်ဆာ ဆင်ပေးနိုင်တယ်....ဒါကြောင့်သားက ကြယ်လေးတွေပဲ ဖစ်ချင်တာ"

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now