" ကိုယ့်ကိုစိုးရိမ်တယ်ပေါ့...ဘာလို့စိုးရိမ်
တာပါလိမ့်..."" ဘာတွေမေးနေတာလဲ...သွားမယ်ဆိုလည်းသွားရအောင်..."
ရှက်ကိုးရှက်ကန်းနှင့်သူ့ရှေ့ကထွက်သွားသည့် ဝိုင့်လက်ကိုသူဖြတ်ခနဲလှမ်းဆွဲလိုက်ရင်း...
" ဘယ်တော့အဖြေပေးမှာလဲ..." ဟု ရင်ခုန်စွာမေးလိုက်မိသည်။ဝိုင့်လက်ကလေးက ပိုးသားလိုနူးအိပြီး နွေးနေသည်။သူဒီလက်ကလေးကိုတစ်သက်လုံးဆုပ်ကိုင်ထားချင်သည်။
" ဘာအဖြေလဲ...ဘာအဖြေမှမသိဘူး.."ဝိုင်တမင်ညစ်ပြီး ညှင်းဆဲလိုက်မိသည်။သူက ဝိုင့်ကိုတောင်မှတ်မိလို့လား။အရူး အရင်သာမှတ်မိပါစေဦး။
" ဟာ...ကိုယ်မင်းကိုချစ်တယ်လို့ပြောထားတယ်လေကွာ..."
" အင်းလေ..ဘာဖြစ်လဲအဲ့တော့.."
" ကိုယ့်ကိုစဉ်းစားပေးပေါ့...ဘယ်သူမဆို
ကိုယ်ချစ်တဲ့သူဆီက ချစ်တယ်ဆိုတဲ့အဖြေကိုလိုချင်တာပဲမဟုတ်လား..."" ဟုတ်မှာပေါ့..."
" ဟာကွာ..."
" ကဲပါ...သွားမယ်ဆို...သွားမယ်လေ
အဖြေကဖြေးဖြေးပေါ့..."" ဖြေးဖြေးဆိုတာဘယ်တော့လဲ..."
" မကြာမီလာမှီမျော်ပေါ့..."
" ဟုတ်ပီဟုတ်ပီ...ကိုယ်ဘယ်လောက်
ကြာကြာစောင့်နိုင်ပါတယ်..."" ပြီးတာပဲလေ...သွားကြရအောင်..."
ဝိုင့်တို့၂ယောက်အခန်းထဲမှထွက်လိုက်သည်။နောက်ဝိုင်သော့ခတ်ရင်း
နှစ်ယောက်သားလှေကားထစ်တွေကို
နင်းကာဆင်းလာကြသည်။" ကိုယ်ဘာတွေပြောင်းလဲသွားလဲသတိထားမိလား.."
" မသိဘူး ဘာတွေပြောင်းလဲသွားလို့လဲ ငါကြည့်တာတော့ မင်းပုံမှန်အတိုင်းပါပဲ..."
" အခေါ်အဝေါ်တွေပြောင်းသွားတယ်လေကွာ..."
" အော် ဘာများလဲလို့ အဲ့ဒါ ဆန်းလို့လား ငါ့စိတ်ထဲတော့ ဆန်းမနေပါဘူး..."
ဝိုင် ခပ်တည်တည်ပြောလိုက်တော့ သော့်မျက်နှာဆူပုတ်သွားရသည်။အနည်းဆုံးတော့ သူ့အပြောတွေကြောင့် ဝိုင့် စိတ်ကိုလှုပ်ရှားစေချင်တာပင်။အခုတော့ သူအဲ့ဒီ့လို မစွမ်းဆောင်နိုင်လေဘူးထင်ပါရဲ့။
စကားတပြောပြောနှင့်တို့ညစာစားရန်ဆိုင်တစ်ဆိုင်သို့ရောက်ခဲ့ကြသည်။
YOU ARE READING
I Can Hear Your Voice (Completed)
HorrorThe boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits.What will happen when a ghost comes to his house? I Can Hear Your Voice Horror Romance# Bl Version# Zawgyi & Unicode Completed
I Can Hear Your Voice-35(Z,U)
Start from the beginning