ကျွန်တော်ချစ်သောကိုကို(31)

Start from the beginning
                                    

'ငယ်....ကိုကို့ကို ကြည့်ပါဦး'

'.......'

'ငယ်ရယ် ကိုကို့ကို ကြည့်ပါဦး ကိုကို့ကို စိတ်ဆိုးချင်ဆိုးပါကွာ အခုလိုကြီးတော့မနေပါနဲ့

ငယ့်မျက်ရည်ကို တွေ့ရတာ ကိုကို့ရင်တွေ နာကျင်လို့ပါကွာ

ရုံးမှာ ဖြစ်သွားတဲ့ ကိစ္စကလေ အလုပ်ကိစ္စအရပါကွာ စာချုပ်ချုပ်ဖြစ်တော့ အလုပ်သဘောအရ ပြောဆိုဆက်ဆံမိတာပါ

သူ့မှာလည်း သူ့အိမ်ထောင်နဲ့ သူ့မိသားစုနဲ့ ရှိပါတယ်ကွာ ကိုကိုနဲု့ ကျောက်မိန်က ဘာမှမဆိုင်ပါဘူးကွာ ဘာတွေမှလဲ မဟုတ်ပါဘူး'

ရိပေါ် ရှင်းပြတော့လည်း ခေါင်းလေး အသာမော့ကာ မျက်လုံးလေးကလယ်ကလယ်နဲ့ စဉ်းစားနေတဲ့ သူသိပ်ချစ်ရတဲ့ငယ်

ပြီးမှ
'တစ်ကယ်လား..'

'တစ်ကယ်ပါ ကိုကို့ဘဝမှာလေ ဟောဒီက ကိုကို့ယုန်ဆိုးလေး တစ်ယောက်ပဲရှိတာပါ

ငယ်ကလွဲရင် ကိုကို ဘယ်သု့ကိုမှ ကိုကိုမချစ်ဘူး
ငယ်ကသာ ကိုကို့ရဲ့ အချစ်ဆုံး ကိုကို့ရဲ့ အရေးပါဆုံးပဲ

ပြီးတော့ငယ် တစ်ခုခုဆို အစောနကလို ထွက်မပြေးသွားပါနဲ့ ကိုကို့ကို တိုက်ရိုက်ပဲ မေးပါကွာ

ကိုကို့ကို အထင်လွဲတဲ့ကိစ္စရှိရင် တစ်ယောက်ထဲလည်း ကြိတ်ငိုမနေပါနဲ့ ပြီးတော့ ထွက်လည်းမသွားပါနဲ့

ကိုကိုက ငယ့်ကို အမှန်တိုင်း ဖြေပေးမှာမို့ကိုကို့လာမေးပြီး ကိုကိုနဲ့ သေချာရှင်းပါနော်

အခုန ငယ်ထွက်သွားတော့ ကိုကို့မှာ ဘယ်လောက်တောင် စိတ်ပူသွားလဲသိလား'

ရိပေါ် သူ့ကလေးကို ရင်ခွင်ထဲထည့်ရင်း မေးလိုက်တော့ သူ့ရင်ခွင်ထဲကနေ အသာပြန်မော့ကြည့်လာတဲ့ ကလေး

'အခုန ကလေးထွက်သွားတော့ ကိုယ့်မှာလေ ကလေးအိမ်ကနေပါ ထွက်သွားပြီ မှတ်ပြီး ရင်ထဲမှာ ရူးမတတ်ပဲ

ဒီတစ်ခါသာ ကလေးထပ်ပြီး ထွက်သွားဖို့လုပ်ရင် ကိုကိုသေမှာ သေချာတယ်

ဒါကြောင့် နောက်တစ်ခါ အထင်လွဲတာ တစ်ခုခုရှိရင် ကိုကို့ကို မေးပါ စိတ်ဆိုးပါ စိတ်ကောက်ပါ ကလေးကြိုက်သလိုလုပ်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now