"မျက်ရည်ကျရင် သုတ်ရမယ်ဆိုတာ မသိဘူးလား"

"ဟင်...မောင်!!"

ပါးပြင်ပေါ်ကျရောက်နေတဲ့မျက်ရည်တွေကို မောင်က သုတ်ပေးရင်း ပြုံးလျက်မျက်ခုံးလေးတွေပင့်ပြ၏။

"သွေး သွေး..တွေ"

မျက်နှာပေါ်မှာ ထိုးကြိတ်ခံထားရသော ဒဏ်ရာတွေကြောင့် နှိုင်း အလန့်တကြားဖြင့်စိုးရိမ်သွားပါလျှင် ခေါင်လေးက
သူ့မျက်နှာသူပြန်ကိုင်ကြည့်ပြီး ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ရယ်ပြပါ၏။

"အဟင်း ဘာမှမဖြစ်ဘူးပါဘူး.. အပြင်မှာအေးနေတာကို အထဲမဝင်ပဲ ဘာလုပ်နေတာလဲ"

နှိုင်းသည် စိတ်မကောင်းစွာ သက်မလေး ခပ်ဖြေးဖြေးချလျက်..

"မင်းကိုစောင့်နေတာ!"

ထိုအခါတွင်တော့ ခေါင်လေး  မပြုံးနိုင်တော့ပဲ မျက်နှာလေး တည်သွားကာ..

"ဒီမှာ ခဏထိုင်နေနော်... ပြန်လာခဲ့မယ်"

အိမ်ထဲသို့ ခြေလှမ်းကျဲများဖြင့် ခပ်မြန်မြန်ဝင်သွားသော မောင်ရဲ့ကျောပြင်ဟာ အခုတော့ ကျွန်တော့်အတွက် တကယ့်အပိုင်လား။ နှိုင်းတွေးနေစဉ်မှာပဲ မောင်က
လက်ထဲတွင် ခွက်လေးနှစ်ခွက်ကိုင်လို့ ပြန်ထွက်လာပါ၏။

"ရင်ထဲနွေးသွားအောင် coffeeပူပူလေး သောက်လိုက်"

နှိုင်းဘေးတွင်ဝင်ထိုင်ရင်း ခေါင်လေးက ခွက်တစ်ခွက်ကို နှိုင်းထံပေးလိုက်၏။ ထို့နောက် သူ့လက်ထဲမှခွက်ကို သောက်လိုက်ပြီး...

"နှိုင်း ကျွန်တော့်ကို ခင်ဗျားအကြောင်းပြောပြပါလား"

"ဟင် ငါ့အကြောင်း"

"ဟုတ်တယ်... ကျွန်တော်သိသင့်သလောက်သိတယ် ဆိုပေမယ့် ကျွန်တော်ထွက်သွားပြီးနောက်ပိုင်း ခင်ဗျား ဘယ်လိုနေခဲ့လဲ ခင်ဗျားကိုယ်တိုင်ပြောတာ ကြားချင်တယ်"

နှိုင်း မောင့်မျက်နှာလေးကို ဘေးတစ်စောင်းအနေအထားဖြင့် ခိုးကြည့်မိ၏။ အချိုးအစား ကျနသော မျက်နှာတွင် ဒဏ်ရာတွေ ရှိနေသည့်တိုင် ပို၍ ကြည့်ကောင်းလို့နေသည်
မှာ မနာလိုဖွယ်ပင်။

Black Memory(U+Z)(Completed )Where stories live. Discover now