"ထနိုင်လား "

လူတွေ အများကြီးသေဆုံးကုန်လျက် သူတစ်ယောက်တည် သာ ကွက်ပြိီး ကယ်တင်ခံရသည်မို့ နှိုင်းစိတ်ထဲဇဝေဇဝါ ဖြစ်သွားရပါ၏။ မျက်နှာကိုmaskအုပ်ထားလျက်
ဆံပင်တွေက အပြာနုရောင် ဖြစ်သဖြင့် သူ့ကို ကယ်သည့် လူက ဘယ်သူမှန်းလည်း မသိရပေ။ သို့သော်လည်း စကားပြောသံနဲ့ အရပ်အမောင်းကတော့ ဘုန်းထွဋ်ခေါင်လျှံ
ဖြစ်နိုင်သည်ကို နှိုင်းသတိထားမိလိုက်ပါသည်။

"အင် အင်"

ဖြေရင်း ကမ်းပေးသည့်လက်ကိုဆွဲကိုင်ကာ ထတော့ ယိုင်သွားသည့်ကိုယ်ကို ထိုလူက အလိုက်သင့်လေး ထိန်းပေးရှာ၏။

"မင်းဘယ်သူလဲ ။ဘာလို့ ငါ့ကိုကယ်တာလဲ"

နှိုင်းက သိချင်စိတ်ဖြင့် စပ်စုစွာမေးလျှင်ခေါင်လေးဘာမှ မဖြေပဲ ထိုင်ချလိုက်ကာ ဘောင်ဘီထဲလိပ်ထည့်ထားသည့် ဓားကိုထုတ်လိုက်ပြီး နှိုင်းရဲ့ အကျီ.. အနားစကို ဖြဲချလိုက်၏။

"ဟေ့ ဘာလုပ်တာလဲ"

နှိုင်းက လန့်၍ အော်လိုက်ပြီး နောက်ဆုတ်လျှင် ခေါင်လေးက နှိုင်းရဲ့ ပေါင်ကို အဝတ်စဖြင့် ပတ်လိုက်ပြီး...

"ငြိမ်ငြိမ်နေ!"

"အ!'

အမိန့်ဆန်သည့် စကားပြောသံဟုဆိုသည့်တိုင် နှိုင်း နှလုံးသားက မှတ်မိလျက် ဦးနှောက်ကို အချက်ပြသတိပေး၏။မင်း ဒီအသံကို အကြိမ်ကြိမ်ကြားဖူးခဲ့တယ်လေ။

"ဘုန်းထွဋ်ခေါင်လျှံ မလား"

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မေးခွန်းကို ထုတ်လိုက်မိသည်။ ကျွန်တော် ဒီနေရာကိုလာရင် ဒီလူသားကိုချက်ချင်းတွေ့ရနိုင်တယ်လို့ ရဲဇော်ဆိုသည့်လူက
အာမခံချက်တွေဖြင့် ပြောခဲ့ပြီးသား။

သို့သော်လည်း ခေါင်လေးက နှိုင်းမေးသည်ကို တစ်ခုမှမဖြေပဲခြေထောက်ကို အဝတ်စဖြင့် သေချာစည်းပေးပြီးနောက်
လူကို လှည့်လိုက်ကာ..

"တတ်! ''

"ဟင်! "

နှိုင်း ကြောင်သွားစဉ် ခေါင်လေးက လေပူကို စိတ်မရှည်စွာ မှုတ်ထုတ်လိုက်ပြီး နှိုင်း လက်ကို ဆွဲကာ ကျောကုန်းပေါ်
တတ်စေလိုက်၏။

Black Memory(U+Z)(Completed )Hikayelerin yaşadığı yer. Şimdi keşfedin