အခန်း (၂၈-၁) အလုပ်စတင်လုပ်ခြင်း

Start from the beginning
                                    

"နင် နောက်ကွယ်ကနေအကုန်ရှင်းပေးတဲ့ အတတ်ကို အခုထိ မကျွမ်းကျင်သေးဘူးလား ... ဘယ်လိုဖြစ်ပြီး အင်တာဗျူးအတွက် စာရင်းပေးဖို့ပါ ဒီလောက်ထိဒုက္ခခံနေတာလဲ"

"ငါ သူ့ကို အရာရာတိုင်းက အလွယ်ရတယ်လို့ မတွေးစေချင်ဘူး"

လုရှန်းက ပြုံးရင်းနဲ့ဖြေလိုက်သည်။

အချိန်အတော်ကြာအောင် ခေါင်းဆောင်မှုလုပ်ခဲ့ရခြင်း တုံ့ယမ်း၏တိုးတက်မှုနှင့် လူတွေဝင်လာလိုက် ထွက်သွားလိုက်ကို အမြဲမြင်နေရတာမို့ တစ်ယောက်ချင်းစီရဲ့အရည်အချင်းကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုသည်ကို အားလုံးထက် လုရှန်းကပိုနားလည်သည်။ ထိုနည်းတူ လူတစ်ယောက်ကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာကိုလည်း သူကောင်းကောင်းသိသည်။

"ဒီအလုပ်သင်က ဒီတိုင်းလက်မှတ်တစ်ခုရဖို့ထက် လုပ်ငန်းခွင်အတွေ့အကြုံရစေချင်တာ"

ရှင်းယို့ အနည်းငယ်မနာလိုစွာနှင့် လုရှန်းကိုစိုက်ကြည့်လိုက်သည်။

"နင်လေ ... လီဆွေ့ကိုဂရုစိုက်သလောက်ရဲ့တစ်ဝက်ပဲ ငါ့ကိုဂရုစိုက်ပေးရင် ငါ ဒီလက်ထပ်ပွဲမလုပ်ဘူး သိလား"

လုရှန်းက နှုတ်ခမ်းများကို အနည်းငယ်ပိတ်စေ့လိုက်ပြီး ပြန်ပြောသညါ။

"မင်္ဂလာဆောင်တော့မယ်ဆိုတော့ ငါ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါမယ် ... ဒေါ်လေးလုကိုတော့ ငါ့ဆီမှာပဲ အပြီးပို့ထားလိုက်တော့ ... ငါ မနှိပ်စက်ပါဘူး"

ရှင်းယို့ မျက်နှာတစ်ချက်ပျက်သွားပေမယ့် ချက်ချင်းပဲပုံမှန်ပြန်ဖြစ်သွားသည်။

"ဘယ်အချိန်ကတည်းက သိနေတာလဲ"

"လုမိသားစုထဲမှာ စစချင်းအလုပ်လုပ်တဲ့နှစ်ကတည်းကပဲ"

ရှင်းယို့က စိတ်ဓာတ်ကျစွာပြောလိုက်သည်။

"နင် ဒီလောက်အကြာကြီး မသိချင်ယောင်ဆောင်လာတယ်ပေါ့ ... သူကနေတစ်ဆင့် နင့်ကိုစုံစမ်းနေတာ နည်းနည်းလေးတောင် စိတ်မပျက်ဘူးလား"

လုရှန်ပြန်မဖြေခဲ့ပေ။ သူနဲ့လီဆွေ့နဲ့ ဆက်ဆံကေို ကြေညာထားသော်လည်း ဒေါ်လေးလုသာ ရှိမနေပါလျှင် သူတို့တစ်ခန်းစီခွဲအိပ်မိလိမ့်မည်။ ဒါပေမယ့် အတူအိပ်တာက နောက်ပိုင်းမှာ လုရှန်းအတွက်အကျင့်ဖြစ်သွားပြီး ဒီတိုင်းသာဆက်သွားလိုက်တော့သည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now